ရန်ကုန် ၊ သြဂုတ် ၂ ။ ။ မြန်မာနိုင်ငံ ရှိ နာမည်ကြီးအင်းလေးကန် အား ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းတင်သွင်းနိုင်ရန် အတွက် နော်ဝေအစိုးရမှ အမေ ရိကန် ဒေါ်လာတစ်သိန်းကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယူနက်စ ကို အဖွဲ့အစည်းမှ သိရ သည်။ ယင်းကဲ့သို့ ကမ္ဘာ့ယဉ်ကျေး မှုအမွေအနှစ်စာရင်းတင်သွင်း နိုင်ရန်အတွက် ၂၀၁၃-၂၀၁၄ ခုနှစ်မှစတင်ကာ အချက်အလက် များ စုဆောင်းခြင်းနှင့် သဘာဝ အင်းလေးကန်အား ထိန်းသိမ်း စောင့်ရှောက်ခြင်း များ ဆောင် ရွက်ရန်အတွက် နော်ဝေအစိုးရမှ ယင်းကဲ့သို့ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''အင်းလေးကန် အတွက် နော်ဝေအစိုးရက ဘဏ္ဍာငွေတွေ ကို ယူနက်စကိုမှတစ်ဆင့် ဒေါ် လာတစ်သိန်းကျော် ချပေးထား တယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတင်သွင်းဖို့ အချိန် သုံးလေးနှစ်လောက်တော့ ယူရ မယ်။ အင်းလေးကန်ရဲ့ အချက် အလက် အထောက်အထားတွေ တင်ပြနိုင်အောင် ယူနက်စကိုနှင့် နော်ဝေအစိုးရက ကူညီသွားမှာ ဖြစ်တယ်''ဟု ယူနက်စကိုမှအမျိုး သားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာ မျိုးက ပြောသည်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတင်သွင်းနိုင်ရန် အင်း လေးကန်အတွက် အကြိုထိန်း သိမ်းစောင့်ရှောက်မှုနှင့် အချက် အလက်စုဆောင်းမှုများကို ယူ နက်စကို အဖွဲ့အစည်းနှင့်အတူ မြန်မာနိုင်ငံမှ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် သဘာဝပတ်ဝန်း ကျင်ပညာရှင် များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပညာရှင်(အင်းလေးအထူးပြု)ဒေါက်တာစောမွန်သိမ်းက ''အင်း လေးဒေသမှာ အရင်ကလဲ ဒေါ် လာသိန်းပေါင်းများစွာ အကုန် အကျခံပြီး ပြင်ဆင်ခဲ့ဖူးပေမယ့် ထိရောက် တဲ့ပြောင်းလဲမှု ဖြစ်မလာ သေးဘူး။ အင်းလေးကန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးကို ယူနက်စကို သစ်တောရေးရာဝန်ကြီးဌာန သဘာဝပတ်ဝန်းကျင်ပညာရှင် တွေနဲ့ပူးပေါင်းပြီး တကယ်ပဲလုပ် မယ်ဆိုရင် ဝမ်းသာပါ တယ်။ အဲ လိုလုပ်မယ်ဆိုရင်လဲ ပညာရှင်တွေ ချည်းပဲ လုပ်နေတာထက် ဒေသခံ ပြည်သူတွေပါလက်တွဲပါဝင်နိုင်ဖို့ တွဲခေါ်ရပါမယ်။ နောင်မျိုးဆက် သစ်တွေကို လက်ဆင့်ကမ်းထိန်း သိမ်းနိုင်အောင် လုပ်ရပါမယ်''ဟု ပြောသည်။
အင်းလေးကန်တွင် အဖိုး တန်ဇီဝမျိုးကွဲများစွာရှိပြီး ကမ္ဘာ့ အထင်ကရအနေနဲ့ အင်းလေး ကန်အတွင်း ချည်ထည်ရက်လုပ်မှု နှင့် ခြေထောက်ဖြင့်လှေလှော် သော ရိုးရာဓလေ့ထုံးတမ်းအစဉ် အလာများအား ထိန်းသိမ်းစောင့် ရှောက်ရန် လိုအပ်ကြောင်း သိရ သည်။
သူသူထက်လွင် (ရန်ကုန်တိုင်းမ်)
Yangon Media Group