Home » » သယံဇာတမှရသည့် အခွန် ဘယ်လိုသုံးမလဲ ပြည်သူတွေသိရတော့မည်

သယံဇာတမှရသည့် အခွန် ဘယ်လိုသုံးမလဲ ပြည်သူတွေသိရတော့မည်

Written By Unknown on Saturday, August 3, 2013 | 11:54 AM

ရန်ကုန် ၊ သြဂုတ် - ၂။       ။ သဘာဝ တွင်းထွက်သယံဇာတများမှရရှိ သည့် နိုင်ငံတော်ဆိုင်ရာ အခွန်အခ များကို မည်ကဲ့သို့သုံးစွဲနေ သည်ကို ပြည်သူများအားတင်ပြ နိုင်မည့်အဖွဲ့အစည်းကို ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက် တာ မောင်မောင်သိမ်း  ကပြော ကြားသည်။  ဩဂုတ် ၂ရက်က မြန်မာ့ အာမခံလုပ်ငန်းတွင် ကျင်းပပြု လုပ်သည့် တွင်းထွက်သယံဇာတ အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းများ တွင် ပွင့်လင်းမြင် သာမှု ဆိုင်ရာ ဆွေး နွေးပွဲ တွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါအဖွဲ့ အစည်းကို ဖွဲ့စည်းနိုင်ရန်အတွက် သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး အဖွဲ့အစည်း၏ ညွန့်ပေါင်းအဖွဲ့  MSG ကို ဖွဲ့စည်း လျက် ရှိ ကြောင်း သိရသည်။

ဒေါက်တာ မောင်မောင် သိမ်းက ''သဘာဝ သယံဇာတက ရတဲ့ အခွန်အခတွေနဲ့ အာဏာ ရှင်အစိုးရတွေက ကိုယ်ပိုင်အ ဖြစ် သုံးစွဲနေတယ်။ အဲဒီကရတဲ့ ငွေကြေးတွေနဲ့ ကိုယ်ကျိုးအတွက် အသုံးပြုနေသလို လက်နက်ဝယ် ပြီး တော်လှန်တဲ့ သူတွေကို နှိပ်ကွပ် ဖို့လုပ်တယ်။ အဲဒါမျိုးတွေမဖြစ် အောင် နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့  EITI  အဖွဲ့ကိုဝင်ဖို့ ကြိုးပမ်းနေတယ်''ဟုပြောသည်။

အဆိုပါအဖွဲ့ ဖွဲ့စည်းနိုင်ရေး ကို အမေရိကန်နိုင်ငံမှ အကူအညီ များပေးသွားမည်ဖြစ်ပြီး ယင်းလုပ် ငန်းစဉ်များကို ယခုနှစ် ဒီဇင်ဘာ အတွင်း အပြီးသတ်ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်း EITI   အဖွဲ့သို့ ဝင် ရောက်ရန်အတွက် နိုင်ငံတော်အ စိုးရ၊ ပုဂ်ဂလိကနှင့် လူမှုရေးအဖွဲ့ အစည်းများပါဝင်သည့် အဖွဲ့အ စည်းတစ်ခု ဖွဲ့စည်း ကာ လက်မှတ် ရေးထိုး လျှောက်လွှာတင်ရန်လို အပ်ပြီး ယင်းအဖွဲ့အစည်းတွင် နိုင်ငံပေါင်း၃၉နိုင်ငံမှ ပါဝင်ကာ ယင်းတို့အနေဖြင့် အစိုးရမှ သယံ ဇာတတူးဖော်ထုတ်လုပ်ရေးလုပ် ငန်းများမှရရှိသော အခွန်ဝင်ငွေ များကို အပြည့်အဝ ဖော်ထုတ်ပြ သ ခြင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီ များမှ အစိုးရသို့ပေးဆောင်ရသော အခွန်ပေးငွေများကို ဖော်ထုတ်ပြသ သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကော်မတီ အတွင်းရေးမှူးဦးဇော်ဦးက ''အဲဒီ အဖွဲ့ကို မြန်မာနိုင်ငံအနေနဲ့ဝင် ရောက်နိုင်ဖို့ အဆင့်သုံးဆင့်နဲ့ ကိုက်ညီတယ်။ အဆင့်လေးအနေ နဲ့ အခုညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်း နေတယ်။ အဲဒီအဖွဲ့မှာ ပါဝင်သင့် တဲ့သူတွေပါဝင် နိုင်အောင် အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေတယ်'' ဟု ပြောသည်။ လက်ရှိတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်မှ ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၁၄ရက်တွင် တွင်းထွက် သယံဇာတ အရင်းအမြစ်တူးဖော် ရေး စက်မှုလုပ်ငန်းများပွင့်လင်း မြင်သာမှု ဖော်ဆောင် ရေး ဦး ဆောင် ကော်မတီ ကို သမ္မတရုံး ဝန်ကြီးဦးစိုးသိန်းနှင့် ပြည်ထောင် စုဝန်ကြီးခြောက်ဦးပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိ ရသည်။

မြန်မာနိုင်ငံ အနေဖြင့် အဆို ပါအဖွဲ့ဝင်နိုင်ငံဖြစ်ပါက လာဘ် ပေးလာဘ်ယူမှုလုပ်ငန်းများ လျော့ ပါးသွားမည့်အပြင် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများအနေဖြင့် ပြည် တွင်း၌ ရဲရဲတင်းတင်းရင်းနှီးမြှုပ်နှံ မည်ဖြစ်ပြီး ဒီမိုကရေစီအစိုးရ တစ်ရပ် အဖြစ် ပီပြင်သွားမည်ဖြစ် ကြောင်း ဒေါက်တာမောင်မောင် သိမ်းက ထပ်မံပြောသည်။

အာကာ (ရန်ကုန်တိုင်းမ်)

Yangon Media Group