Home » » လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

Written By Unknown on Monday, August 5, 2013 | 2:35 PM

ရန်ကုန်၊ သြဂုတ် ၎

ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ပုပ်ပွနေသည့် ကလေးအလောင်းသည် မိန်းကလေး အလောင်းဖြစ်ပြီး ယင်းအလောင်းကို ရန်ကုန် အထွေထွေ ပြည်သူ့ ဆေးရုံကြီးက ပီအာရ် ၀၁၉ ဖြင့် လက်ခံထားကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အလောင်းက လက်ချောင်းတွေက အရိုး ပေါ်နေတယ်။ ပါးစပ်ကလည်း ဟနေတယ်။ အလောင်းက တော်တော် ပုပ်ပွနေပြီ” ဟု မျက်မြင် တွေ့ရှိ သည့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၃၆/၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး သေဆုံးသူ အမည်နှင့် နေရပ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

The Voice Weekly