Home » » ဂြိုလ်စီးဂြိုလ်လာကြောင့် ဝန်ကြီးအချို့  ထပ်ပြုတ်နိုင်

ဂြိုလ်စီးဂြိုလ်လာကြောင့် ဝန်ကြီးအချို့  ထပ်ပြုတ်နိုင်

Written By Unknown on Wednesday, August 7, 2013 | 4:24 PM

ရန်ကုန် ၊ သြဂုတ် - ၆ ။        ။ အင်္ဂါဂြိုဟ် ၏ ထူးခြားတည်ရှိနေသောဖြစ် စဉ်ကြောင့် ဩဂုတ်လမှနိုဝင်ဘာ လအတွင်း မြန်မာနိုင်ငံရှိဝန်ကြီး အခိျု့ ယခင်ထက်ထူးခြားသော အပြောင်းအရွှေ့ဖြစ်စဉ်များ ရှိ လာနိုင်ကြောင်း နက္ခတ် သိပ္ပံ ကျောင်း မှ သိရ သည်။ ''အုပ်ချုပ်သူတွေရဲ့ ကံဇာ တာဖြစ်တဲ့အင်္ဂါဂြိုဟ်ဟာ ဩဂုတ်  ၁၉ရက်ကစပြီး နိုဝင်ဘာ၂၆ရက် အတွင်းမှာ ထူးခြားစွာတည်ရှိနေ မယ့်အတွက် အုပ်ချုပ်သူတွေရဲ့ ကံဇာတာ၊ အစိုးရအဖွဲ့အစည်း တွေရဲ့ကံဇာတာမှာ ထူးခြားတဲ့ ပြောင်းလဲ မှုမျိုး တွေ ရှိလာနိုင်တယ်။ ဖြစ်ခဲ့ဖူးတဲ့ ဝန်ကြီးအပြောင်းအ ရွှေ့တွေနဲ့မတူဘဲ လာဘ်ပေးလာဘ် ယူမှုတွေကြောင့် ဝန်ကြီးအခိျု့ အစားထိုး လဲလှယ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်''ဟု နက္ခတ် သိပ္ပံကျောင်းမှ အမှုဆောင် အရာ ရှိချုပ် ဦးဇေယျာကိုက ပြော သည်။

ဩဂုတ် ၁၉ရက် မှ နိုဝင်ဘာ ၂၆ရက် အတွင်း အင်္ဂါဂြိုဟ်သည် ကရကဋ်ရာသီနှင့် သိဟ်ရာသီတို့ တွင် တည်ရှိမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း အုပ်ချုပ်သူ အစိုးရနှင့် အစိုးရအဖွဲ့အစည်း များတွင် ကြီးမားသောပြောင်းလဲ မှုမျိုးရှိ လာနိုင် ကြောင်း ဦးဇေယျာ ကိုက ပြောသည်။ ဩဂုတ်၁၉ရက်မှ အောက် တိုဘာ၅ရက်အတွင်း အင်္ဂါဂြိုဟ် သည် ကရကဋ်ရာသီခွင်တွင်တည် ရှိနေပြီး စနေဂြိုဟ်နှင့် ပလူတိုဂြိုဟ် တွေမှာ စီးနင်းနေသည့်အတွက် ကြီးမားပြင်းထန်သော ဖောက်ခွဲ မှုများ၊ နယ်စပ်ရေးရာပြဿနာ များနှင့် လူမျိုးရေးပဋိပက္ခများတွင် သွေးထွက်သံယိုများဖြစ်လာနိုင် သည်အထိ ဖြစ်ပွားလာနိုင်ဖွယ်ရှိ ကြောင်း ဦးဇေယျာကိုမှ သတိ ပေးပြောကြားသည်။

ယင်းကဲ့သို့ ဂြိုဟ်တည်ရှိနေ မှုမျိုး မြန်မာနိုင်ငံတွင်ဖြစ်ခဲ့ဖူးပြီး ယင်းအတွက်ကြောင့် စက်ဆန်း ကူးတို့ဆိပ် ပေါက်ကွဲမှုဖြစ်စဉ်နှင့် မဏ္ဍပ်ဗုံးဖောက်ခွဲခံခဲ့ရဖူးသော ဖြစ်ရပ်များလည်း ရှိဖူးကြောင်း သိရသည်။ နိုင်ငံအတွင်း ဝန်ကြီးများ အပြောင်း အရွှေ့သည် အောက် တိုဘာ၆ရက်မှ နိုဝင်ဘာ၂၆ရက် အတွင်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး ယခုကဲ့သို့ ဂြိုဟ်တည်ရှိနေမှုမျိုး သည် နှစ်နှစ်ခွဲတွင် တစ်ကြိမ်ဖြစ် ပေါ်လေ့ရှိသော်လည်း ယခုနှစ် ၂၀၁၃တွင် ပိုမိုထူးခြားစွာရပ်တည် နေမှု ကြောင့် အထူး သတိပြုရန် လိုအပ်ကြောင်းလည်း ထပ်မံပြော ကြားသည်။ ဇူလိုင်၂၅ရက်က မြန်မာနိုင်ငံ ရှိဝန်ကြီးနှင့် ဒုတိယဝန်ကြီးအခိျု့ အား ရာထူးအပြောင်းအရွှေ့များ နှင့် နေရာပြောင်းရွှေ့ခန့်ထားမှု များ ပြုလုပ်ထားပြီးဖြစ်ကြောင်း လည်း သိရသည်။

ဝေဝေနှင်း

Yangon Media Group