Home » » ချောင်းဦးမြို့နယ်ရှိ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား သက်ဆိုင်ရာမှ စောင့်ရှောက်ပေးစေလို

ချောင်းဦးမြို့နယ်ရှိ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား သက်ဆိုင်ရာမှ စောင့်ရှောက်ပေးစေလို

Written By Unknown on Sunday, August 4, 2013 | 2:07 PM

ချောင်းဦး၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ မန္တလေး - ပခုက္ကူ ကားလမ်း၏ မြောက်ဘက် ဆင်ဖြူရှင် ချင်းတွင်းမြစ်ကူးတံတားကြီးအနီးရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်၌ သမိုင်းဝင် စေတီပုထိုးများနှင့် သာဿနိက အဆောက်အဦးတချို့ ပြိုကျပျက်ယွင်းစဖြစ်နေသည့်အတွက် သက်ဆိုင်ရာမှ ထိန်းသိမ်း စောင့် ပေးစေလိုကြောင်း သမ္ဘူလ ဆုတောင်းပြည့်စေတီ ဂေါပကအဖွဲ့ဝင် ဦးဘဂျမ်းမှ ပြောကြားသည်။

“ ပျက်စီးစပြုနေပြီဖြစ်တာကြောင့် အားလုံးက ၀ိုင်းဝန်းပြီး ထိန်းသိမ်းစောင့်ရှောက်ပေးစေခြင်ပါတယ်..” ဟု ၎င်းမှဆက် လက်၍ ပြောပြသည်။

အဆိုပါ ဒေသသည် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ အများအပြားရှိရာ စေတီအဆူတော် အရေအ တွက်အား လွယ်ကူစွာ မှတ်သားသိရှိနိုင်ရန် ရှေးစာဆိုများမှ “ ရွှေလက်ပံ၊ ငုံစီစီ ” ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပါယ်မှာ ယင်းဒေသ၏ ရှေးဟောင်းစေတီပုထိုး အရေအတွက်မှာ( ၄၄၅၂၃၃)ဆူခန့်ရှိကြောင်း အား ဖွဲ့ဆိုထားခဲ့ခြင်းဖြစ်သော်လည်း မျက်မှောက်ခေတ်တွင်မူ သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက် စာချက်များအရ အဆိုပါ ဒေသတွင် ရှေးဟောင်းသမိုင်းဝင်စေတီပုထိုး (၁၃၂)ခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေ သရှိ မြေတိုင်းစာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစုချက်များအရ သိရှိရသည်။

“ ဟောဒီ ရှေးဟောင်း သာဿနိက အဆောက်အဦးတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီး ခရီးသွားလုပ်ငန်းတွေကို တိုးချဲ့လိုက်မယ်ဆိုရင် ဒေသခံ ပြည်သူတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း များ ရရှိလာနိုင်သလို ပြည်တွင်း၊ ပြည်ပခရီးသွားများ အတွက်လည်း ဖူးမြော်လေ့လာစရာ နယ်မြေတစ်ခုတိုးလာ စေနိုင်ပါတယ်..” ဟု မုံရွာမြို့ပေါ်ရှိ ဟော်တယ် လုပ်ငန်းရှင် တစ်ဦးမှ ပြောဆိုသည်။

ယခုအခါ အဆိုပါဒေသရှိ စေတီပုထိုးအချို့နှင့် သာဿနိက အဆောက်အဦးများသည် ပျက်စီးယိုယွင်းမှု များဖြစ်ပေါ်လျက်ရှိရာ တချို့သော စေတီပုထိုးများသည် မြေသားပုံအတိသို့ ဖြစ်နေရကြောင်း၊ မြန်မာတို့၏ အမျိုး သားရေး စရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သမိုင်းဝင် အထောက်အထားများ တိန်ကောပျက် ယွင်းခြင်းမရှိစေရန်အတွက် သက်ဆိုင်ရာမှ ထိန်းသိမ်းစောင့်စောင့်ရှောက်ပေးရန် လိုအပ်လျက်ရှိကြောင်း ချောင်း ဦးမြို့နယ်၊ သုံးပန်လှ စံပြကျေးရွာနေ ဒေသခံပြည်သူများ၏ ပြောပြချက်များအရ သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုး (ချင်းတွင်း)