Home » » လက်ပံတောင်း အစည်းဝေးသို့ အသျှင် ဝေရသူ တက်ရောက်

လက်ပံတောင်း အစည်းဝေးသို့ အသျှင် ဝေရသူ တက်ရောက်

Written By Unknown on Sunday, August 4, 2013 | 1:58 PM

ဆားလင်းကြီး၊ သြဂုတ် ၃ ရက်နေ့ ၁၅ နာရီ ၁၈ မိနစ်

တိုင်းပြည်နဲ့ ပြည်သူ့လူထုရဲ့ မျက်နှာကိုပဲကြည့်မယ်.။ ဘယ်အစိုးရ၊ ဘယ်ကုမ္မဏီ၊ ဘယ်အဖွဲ့အစည်းရဲ့ မျက်ကိုမှ ကြည့်စရာမလိုဘူး..” ဟု လက်ပံတောင်းတောင် ဒေသရှိ ၀က်မှေးရွာဟောင်း ရွာဦးကျောင်းတိုက်၌ ယနေ့ညနေ ၃ နာရီခန့်က ကျင်းပပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာပေါင်း (၂၆)ရွာမှ ဆက်လက်ဆောင် ရွက်မည့် အစည်းဝေးကြီးတွင် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အသျှင်ဝေရသူမှ ယင်းကဲသို့ မိန့်ကြားတော်မူသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာပေါ်၌ ပြည့်ပြည့်၀၀ ထောက်ခံခဲ့သည်ဟုလည်း ဆရာတော်မှ ဆက်လက်၍ မိန့်တော်မူခဲ့ပြန်သည်။

လက်ပံတောင်း ဒေသခံ ကျေးရွာ(၂၆)မှ စုပေါင်းပြုလုပ်သည့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအ လိုက်၊ ရွာအလိုက် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြရာ မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂအဖွဲ့ တာဝန်ခံ ကိုနွေဦးကိုမှလည်း ပြည်သူပူလျှင် ကျောင်းသားမနေသာသည့်အတွက် လိုအပ်လျင် ရှေ့တန်းမှနေ၍ ဆက်လက်ပါဝင်ဆောင်ရွက်ပေးသွားမည် ဟု ပြောသည်။ ယင်းကဲသို့ ဆောင်ရွက်ရခြင်းမှာ အများပိုင် လက်ပံတောင်းတောင်ကြီး၏ အလှမပျက်စီးစေရန်နှင့် ကာကွယ် စောင့်ရှောက်သွားရန်အတွက်ဟု ဆိုသည်။

ရဟန်းသံဃာတော်များ၊ ကျောင်းသားများ၊ ပြည်တွင်း၊ပြည်ပ သတင်းစာဆရာများ ၊ဒေသခံ ရွာသူရွာသား စုံလင်စွာ ဖြင့် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ အစည်းဝေးကြီး ကျင်ပနေချိန်တွင် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ၀န်ကြီး ဦး လှထွန်းနှင့် အဖွဲ့လည်း တိုက်ဆိုင်စွာ ယင်းဒေသသို့ရောက်နေချိန်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေကိစ္စရပ်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသော ဒေသခံတောင်သူများမှ မကြာမီ ဆက်လက်ဆောင်ရွက် တော့မည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများအပေါ် ဥပဒေကြောင်းအရ ဆက်လက်၍ တားမြစ်သွားမည်ဟု သံမဏိမယ်ဟု အမည်တွင်သော ထိုဒေသရှိ မသွဲ့သွဲ့ဝင်းမှ ပြောကြားသွားခဲ့သည်။

သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)