Home » » လမ်းတွေပေါ်မှာ ဖြစ်သလိုအိပ်နေရတဲ့ လူငယ်တွေ ပိုများလာ

လမ်းတွေပေါ်မှာ ဖြစ်သလိုအိပ်နေရတဲ့ လူငယ်တွေ ပိုများလာ

Written By Unknown on Monday, August 5, 2013 | 11:35 PM

လမ်းတွေမှာ ဖြစ်သလိုအိပ်နေရတဲ့ အိုးမဲ့အိမ်မဲ့လူငယ်တွေ တစ်စတစ်စများပြားလာနေတာကို ကိန်းဂဏန်း ဖော်ပြချက်များအရ တွေ့ရှိခဲ့ရပြီး ယခုလို ဖော်ပြလိုက်ခြင်းဟာ လူအများအာရုံစိုက်လာစေရန် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါ စာရင်းဇယားများမှာ ယူကေနိုင်ငံတွင် တစ်စတစ်စနှင့် ပိုမိုများပြားလာတဲ့ အိုးမဲ့အိမ်မဲ့ လူငယ်များ အကြောင်း ဖော်ပြခဲ့တာဖြစ်ပြီး လမ်းပေါ်ရောက်နေတဲ့သူတွေကို ဘာကြောင့်အကူအညီမပေးနိုင်ရသေး သလဲဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ ဖြစ်သလိုအိပ်နေရတဲ့ လူငယ်အရည်အတွက်ဟာ ၂၀၁၀ ခုနှစ်မှစတင်ကာ သုံးပုံတစ်ပုံခန့် မြင့်တက်လာခဲ့တယ်လို့ စာရင်းဇယားများမှာ ဖော်ပြထားပါတယ်။
လန်ဒန်မြို့တစ်မြို့တည်းမှာပဲ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲတွင် လမ်းပေါ်မှာဖြစ်သလို အိပ်နေရတဲ့ လူငယ်ပေါင်း ၆၄၃၇ ဦးရှိခဲ့ပြီး ယင်းပမာဏမှာ လွန်ခဲ့သောနှစ်နှစ်နဲ့နှိုင်းယှဉ်ပါက ၆၂ ရာခိုင်နှုန်းမြင့်တက်လာတာလို့ သိရပါတယ်။

ယခုလိုအခြေအနေဟာ စီးပွားရေးကျဆင်းမှု၊ လူငယ်အလုပ်လက်မဲ့ပြဿနာနှင့် ၀င်ငွေနည်းတဲ့ မိသားစု အတွင်း ဖိအားတွေ ရင်ဆိုင်ကြုံတွေနေရတဲ့အချိန်မှာ အများပြည်သူဝန်ဆောင်မှု အသုံးစရိတ်တွေ လျှော့ချ ခြင်းနဲ့ တန်းဘိုးနဲ အဆောက်အိမ်ရာများ ထုတ်လုပ်ပေးမှု လျော့နည်းလာစေတဲ့ လူမှုဖူလုံရေးပြုပြင်ပြောင်း လဲမှုတွေ ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ အခြေအနေတွေ ပိုဆိုးလာမှာဖြစ်တယ်လို့ လူငယ် အရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

ယခု တရားဝင်ထွက်ရှိလာသည့် စာရင်းဇယားများမှာ အမှန်တကယ် အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် လူငယ် ပမာ ဏကို တိတိကျကျ ဖော်ပြထားခြင်း မရှိသေးဘူးလို့လည်း ဆိုကြပါတယ်။

လူငယ်တစ်ဦးဖြစ်တဲ့ Leo မှာ ၎င်း၏ ၁၈ နှစ်မြောက်မွေးနေ့အပြီး သုံးလအကြာမှ စတင်ကာ ကတ်ထူစက္ကူ ဖြင့် ပြုလုပ်ထားသည့် ဆိုဖာထဲတွင် Centre Point အဆောက်အအုံမှ အကူအညီမရမီ အချိန်အထိ ကိုးလ ကြာအိမ်စက်ခဲ့ရသည်ဟု သိရသည်။

“ကျွန်တော့်အနေနဲ့ တော်တော်လေးကို အထီးကျန်ခဲ့သလို ဘာမှထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိဘူးလို့ ခံစား မိပါတယ်။ ကောလိပ်ကိုသွားဖို့ကလွဲပြီးတော့ ကျန်တာတွေက ကျွန်တော်နဲ့မဆိုင်ပါဘူး။ ကျွန်တော့်ကို ကျွန်တော် လူမှဟုတ်သေးရဲ့လားလို့တောင် တွေးမိပါတယ်” ဟု ၎င်းမှ Sky New သို့ ပြောကြားခဲ့သည်။

အင်္ဂလန်နိုင်ငံမှ ၀န်ကြီးများမှလည်း မိမိတို့အနေဖြင့် အိုးမဲ့အိမ်မဲ့ ပြဿနာအား အလေးထား ဖြေရှင်းနေပြီး ပြဿနာဖြေရှင်းရေးအတွက် စတာလင်ပေါင်သန်း ၄၀၀ ခန့် သုံးဆွဲသွားမည်ဟု ကတိပြုလိုက်သည်။
“ကျွန်တော့်တို့ နိုင်ငံဟာ လူမှုလုံခြုံရေးအစီအမံတွေ ၀န်ဆောင်မှုတွေ ဆောင်ရွက်တဲ့ ကမ္ဘာ့အကောင်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် လွန်ခဲ့တဲ့ ၁၂ လအတွင်း လန်ဒန်မြို့ပေါ်က လမ်းပေါ်မှာ ဖြစ်သလိုအိပ်နေရတဲ့ လူငယ် ၆၀၀၀ လောက်ကို ကြည့်လိုက်မယ်ဆိုရင် အသက် ၁၈ နှစ်အောက်က ၁၄ ယောက်ပဲပါပါတယ်” ဟု လူမှုဝန်ကြီး ဒွန်ဖော်စတာမှ ပြောကြားလိုက်သည်။

လန်ဒန်မြို့အရှေ့ပိုင်းရှိ အဆောက်အအုံများမှာ နေထိုင်နေတဲ့ လူငယ်တွေနဲ့ စကားပြောပြီးတဲ့ နောက်မှာ တော့ နက်ဒီယာဖောမှ လူငယ်တွေအကြားရေပန်းစားနေတဲ့ “Home” ဆိုတဲ့ စကားလုံးအား ပြဇာတ်သစ် တွင် အခြေခံခဲ့ပြီး အမျိုးသား ပြဇာတ်ရုံမှာ ယခုသတင်းပတ်အတွင်း ပြသလိုက်ပါတယ်။

“တစ်နေရာရာမှာ ကျွန်မတို့ ကိုယ်တိုင်ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် ငှားနေတဲ့ အိမ်ဆိုတာ ဘာကိုရည်ရွယ်သလဲ ဆိုတာကို ကျွန်မတို့ မျိုးဆက်သစ် တစ်ခုလုံးအနေနဲ့ လေးလေးနက်နက် နားလည်မှာ မဟုတ်ပါဘူး” ဟု သူမမှ Sky News သို့ ပြောကြားသွားခဲ့သည်။

Ref :Sky News

Mizzima - News in Burmese