Home » » ဂျီအက်စ် အမ်ဖုန်းလိုင်း ပြတ်တောက်မှု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေဦးမည်

ဂျီအက်စ် အမ်ဖုန်းလိုင်း ပြတ်တောက်မှု ရက်ပိုင်းအတွင်း ဖြစ်ပေါ်နေဦးမည်

Written By Unknown on Thursday, August 29, 2013 | 10:57 AM

ရန်ကုန် ၊ သြဂုတ် ၂၈ ။     ။ ဂျီအက်စ် အမ်ဖုန်းလိုင်းများ၏ စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ပေါ်နေ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဆက်သွယ်မှုလိုင်း ပြတ်တောက် မှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ် လိုင်း နက်ဝေါ့ခ်တည်ဆောက် ထားသည့်နေရာများတွင် စက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သော ကြောင့်  ဩဂုတ်၂ရ ရက် နံနက်ပိုင်းမှ စတင် ၍ လိုင်းချွတ်ယွင်းမှုများဖြစ်ပေါ် ခဲ့ပြီး ယင်းသို့ လိုင်းချွတ်ယွင်းနေ ခြင်း အား ရက်ပိုင်း အတွင်း ပြန် လည်ကောင်းမွန်စေရန် ပြုပြင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

''စက်ချွတ်ယွင်း မှုတွေဖြစ် နေလို့ ဂျီအက်စ်အမ်လိုင်းတွေ  ခေါ်မရဘူးဖြစ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဖြစ်တဲ့နေရာတွေ ကတော့ ဂျီအက်စ်အမ်နက်ဝေါ့ခ် ပိုင်းရှိတဲ့နေရာတွေ အကုန်လုံးလို့ ပြောလို့ရပါတယ်။ ဒါနဲ့ပတ်သက် ပြီး အမြန်ဆုံးပြန် ကောင်း အောင် ပြုပြင်နေပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ ဆက်သွယ်မှုချွတ် ယွင်းချက်အား ရက်ပိုင်းအတွင်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေ ရန်ပြုပြင်မည်ဖြစ်ကာ နိုင်ငံပိုင် သတင်းစာ များတွင် လည်း အများ ပြည်သူသိရှိစေရန် ကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။

''စက်ချွတ်ယွင်းမှုအကြောင်း နဲ့ ပြုပြင်ဆောင်ရွက်နေတဲ့အပိုင်း တွေကို ပြည်သူတွေ သိအောင် ကြေညာမှာပါ။ ရက်ပိုင်းအတွင်း လောက်ပဲ ကြာမြင့်မယ်လို့ မှန်း ပါတယ်''ဟု ယင်းက ထပ်မံပြော သည်။ ရက်ပိုင်းအတွင်း ဂျီအက်စ် အမ်ဖုန်းလိုင်း တစ်ခုတည်းသာ ခေါ်ဆို၍မရဘဲ ချွတ်ယွင်းမှုဖြစ် ပေါ်နေပြီး အခြားသောစီဒီအမ် အေနက်ဝေါ့ခ်လိုင်းများမှာမူ အ သုံးပြုရ အဆင်ပြေနေကြောင်း သိရသည်။

ဂျီအက်စ်အမ်ဖုန်းကိုင် ဆောင်သူတစ်ဦးက ''ဩဂုတ်၂ရ ရက် နံနက်ကစပြီး ၄၂၊ ၅ဝနဲ့စတဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ခေါ်လို့ မရတော့တာပါပဲ။ လိုင်းဖုန်းနဲ့လဲ ခေါ်လို့မရဘူး။ ခေါ်လိုက်ရင် လိုင်း မအားသလိုဖြစ်နေတာ။ နေ့ခင်း ပိုင်းလောက်မှ ပြန်ကောင်း သွား တယ်။ ဒီနေ့လဲ ဖုန်းခေါ်ရတာ အ ဆင်မပြေသေးဘူး။ ဆက်သွယ်ရေး က အရေးကြီးတဲ့အခြေအနေဖြစ် နေတော့ စက်ချွတ်ယွင်းတယ်ဆို လဲ အမြန်ဆုံးပြင်ပေးတာကောင်း ပါတယ်''ဟုပြောသည်။

ဖူးပွင့်သော်

Yangon Media Group