Home » » ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားမည်

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသွားမည်

Written By Unknown on Saturday, August 31, 2013 | 11:30 AM

ရန်ကုန် ၊ သြဂုတ် - ၃၀ ။   ။စင်ကာပူ နိုင်ငံ၏ နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုများကိုလေ့လာရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် စင်ကာပူနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အဖြစ် စက်တင်ဘာလအ တွင်း သွား ရောက်ရန်ရှိကြောင်း သိရသည်။

ယင်းခရီးစဉ်သည် စက်တင် ဘာ ၂၀ ရက်နှင့်  ၂၂ရက်များတွင် ပြုလုပ်မည့် ဒုတိယအကြိမ် စင်ကာ ပူထိပ်သီးညီလာခံတွင် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးနှင့်ပတ် သက်သည့် အဓိကအချက်အ လက်များခေါင်းစဉ်ဖြင့် ဒေါ်အောင် ဆန်းစုကြည် မှ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။  ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူခရီးစဉ်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်က ''စင်ကာပူခရီးစဉ်ကို ၂၀ ရက်မှာ မြန်မာနိုင်ငံကနေ ထွက် မယ်။ စင်ကာပူ  Summit ကိုတက် ဖို့ သွားမှာပါ။ စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လေ့လာ ဖို့ ဘာတို့ဆိုတာက သွားရင်းနဲ့ လိုအပ်တာတွေကိုလဲ ဆွေးနွေး မှုတွေရှိချင်လဲရှိမှာပါ''ဟု ရန်ကုန် တိုင်းမ် သတင်း စာ ၏ ဆက်သွယ် မေးမြန်းမှုကိုဖြေကြားသည်။

Global Asia Programmed Office  ၏စီစဉ်မှုဖြင့် စင် ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ်အ ဖွဲ့၊ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့ ကုန်သွယ်ရေးနှင့်စက်မှုဝန် ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ GIC နှင့် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်သည့်   Temasek  တက္ကသိုလ်တို့မှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူ အမျိုးသားတက္ကသိုလ်၏ East Asian Institrte မှ ဧည့်သုတေသီ Dr Alistair Cook  က ''မြန်မာ နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးဖို့ ဆိုရင်ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေး ပြုပြင်မှု၊ လွတ်လပ်သည့် တရားစီ ရင်ရေးစနစ်နှင့် တရားဥပဒေစိုး မိုးရေးတို့ကို ပြည်သူအားလုံးအ တွက်လိုအပ်ပါတယ်''ဟု CNA သတင်းဌာန၏ ဖော်ပြချက်တွင် သုံးသပ်ပြောကြားထားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေအိမ်အကျယ်ချုပ် မှလွတ်မြောက်ပြီး အမေရိကန်၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံများသို့ ၂၀၁ဝပြည့်နှစ်အတွင်းက သွား ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း အိမ်နီးချင်းနိုင်ငံ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ၂၀၁၂ခုနှစ် အတွင်း သွားရောက်ခဲ့ကာ စင်ကာပူနိုင်ငံ သို့ လာရောက်ခြင်းမှာ ယခုအ ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်းလည်းသိရပြီး ယင်းစင် ကာပူခရီးစဉ်မတိုင်မီ စက်တင် ဘာ ၁ဝရက်တွင် ဥရောပခရီးစဉ် များအဖြစ် ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွား ရောက်ရန်ရှိကြောင်း သိရသည်။

ကောင်းမြတ်ကျော်

Yangon Media Group