Home » » ရန်ကုန်နည်းပညာ တက္ကသိုလ်ရှေ့၌ ခရီးသည်တင် ဟိုင်းလတ်စ်နှင့် (၃၃၃)ယာဉ်တစ်စီး တိုက်မိ

ရန်ကုန်နည်းပညာ တက္ကသိုလ်ရှေ့၌ ခရီးသည်တင် ဟိုင်းလတ်စ်နှင့် (၃၃၃)ယာဉ်တစ်စီး တိုက်မိ

Written By Unknown on Tuesday, August 13, 2013 | 9:01 AM

ရန်ကုန်      ဩဂုတ်    ၁၂

ဩဂုတ် ၈ ရက်  ညနေ ၅ နာရီကျော်တွင်   ယာဉ်မောင်း ပြည့်ဖြိုးအောင်(၂၅)နှစ် စမ်းချောင်းပေါက်ကျေးရွာ မှော်ဘီမြို့ နယ်နေသူ မောင်းနှင်လာသည် တိုက်ကြီး-မှော်ဘီ ခရီးသည်တင် ဟိုင်းလတ်စ် ယာဉ်အမှတ် သ/---- သည်  အင်းစိန်မှ ထွက်ခွာလာသည့် ယာဉ်မောင်း ကျော်နိုင်ဝင်း(၃၅)နှစ် ဗိုလ်စောဦး (၂)လမ်း (၈)ရပ်ကွက် ရွှေပြည်သာမြို့နယ် မောင်းနှင် သည့် ခရီးသည်တင် ယာဉ်လိုင်း  အမှတ်(၃၃၃)၊ ယာဉ်အမှတ် ၃ဂ/----- ကို   ရန်ကုန်နည်းပညာ တက္က သိုလ်ရှေ့၌  တိုက်မိပြီး စိုက်ပျိုးရေးဝင်းရှေ့ရှိ ရေမြောင်းထဲသို့ ထိုးကျသွား သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍   ဟိုင်းလတ်စ်ယာဉ်ပေါ်စီးနင်းလိုက်ပါ လာသည့် ခရီးသည် ဦးမောင်စောတင် (ကောင်းထက် လင်းကုမ္ပဏီဝန်ထမ်း) မှာ  နေရာတွင်သေဆုံးသွားပြီး  ယာဉ်နောက်လိုက်  မျိုးသန့်ကို(၁၉)နှစ် သတ်သဘောေ ကျးရွာ မှော်ဘီမြို့နယ်နေသူမှာ ခြေကျိုးသွားခဲ့သည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့လိုက်ပြီး ယင်းဆေးရုံမှ PR/၀၇/၂၀၁၃ ဖြင့်လက်ခံပြီး ယာဉ်တိုက်မှုကို နယ်မြေ(၁)ယာဉ်ထိန်းတပ်ဖွဲ့ (၁၄)က  အင်းစိန်ရဲစခန်းတွင်  (ပ)/၈၆/၂၀၁၃ ဖြင့်  အမှုဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉/၃၃၈/ ၃၀၄(က)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း