Home » » မြန်မာနိုင်ငံ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်မားခြင်းမှာ ပိုးသတ်ဆေး နှင့် ဓာတုပစ္စည်းများကြောင့် ဖြစ်

မြန်မာနိုင်ငံ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်မားခြင်းမှာ ပိုးသတ်ဆေး နှင့် ဓာတုပစ္စည်းများကြောင့် ဖြစ်

Written By Unknown on Tuesday, August 13, 2013 | 8:53 AM

ရန်ကုန် ၊ ၁၂-၈-၂၀၁၃

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ထုတ်ပြန်သည့် အစီရင်ခံစာ အရ မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် ကင်ဆာ အဖြစ်အများဆုံး ၁၀ နိုင်ငံတွင် ပါဝင် နေကြောင်း သိရသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ချက် အရ ကင်ဆာရောဂါ ဖြစ်ပွားရခြင်း ၏ အဓိက အကြောင်းရင်း များမှာ ဓာတုပစ္စည်း များနှင့် ပိုးသတ်ဆေး များကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ အသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ၏ ပြောပြချက် အရ သိရသည်။

ဆက်လက်၍ ၄င်းက " ပိုးသတ်ဆေး ကြောင့်လည်း ကင်ဆာရောဂါ ဖြစ်ပွား နိုင်ကြောင်း ဓာတုဆေး တွေ ပါဝင်နေတဲ့ အစားအစာ များကို ပြည်သူတွေ အနေနဲ့ ရှောင်လို့ ရကောင်း ရနိုင်ကြောင်း ၊ ရှောင်လို့ မရတာက ပိုးသတ်ဆေး ပင် ဖြစ်ကြောင်း ၊ အသီးအနှံ တွေက ပြည်သူတွေ အစားအများဆုံး စားသင့်တဲ့ အစားအစာ လည်းဖြစ်ပြီး အာဟာရ ၅ မျိုးလောက် ရနိုင်ကြောင်း ၊ ရောဂါကို ကာကွယ်တဲ့ နေရာမှာလည်း အသုံးဝင်ကြောင်း ၊ ဒါပေမယ့် အခုအခါ အသီးအနှံ တွေမှာ ပိုးသတ်ဆေး တွေ လွန်ကဲစွာ အသုံးပြု နေကြသဖြင့် သီးနှံစားပြီး အစာ အဆိပ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာကြောင်း ၊ ထို့ကြောင့်လည်း ပြည်သူတွေ အနေနဲ့ ဓာတုပစ္စည်းများ မပါတဲ့ အစားအစာတွေ ၊ ပိုးသတ်ဆေး မပါတဲ့ အာဟာရ အသီးအရွက် တွေကိုသာ စားသုံး သင့်တယ် .... " ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ပြည်သူများ အသုံးပြု နေသည့် ပလတ်စတစ် နှင့် ဖော့ဘူးများ ၊ ဓာတုဆေးဝါး များ ၊ ကြာရှည်ခံ ဆိုးဆေးများ ၊ အရောင် ချွတ်ဆေးများ ၊ ကော်ဖီမစ်များ အစရှိတဲ့ ဓာတုပစ္စည်း ပါဝင်မှု များကြောင်း ဖြစ်ကြောင်း ၊ စားသောက်ဆိုင် များတွင် အသုံးပြု နေသော ဖော့ဘူးများတွင် စတိုးရင်း ( Styrene ) ဓာတ် ပါဝင်သည့် 2B ပလတ်စတစ် အုပ်စုဝင်များ ပါဝင်မှုကြောင့် အချိုရည် နှင့် ဂျယ်လီများ ၊ အချဉ်ရည်များ ၊ ဆေးလိပ်များ ၊ အကင်များ ကြောင့်လည်း ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily