Home » » သမ္မတ၏သ၀ဏ်လွှာ မဏ္ဍိုင်သုံးရပ်အပေါ် လွှမ်းမိုးစွက်ဖက်မှုရှိဟု ဥပဒေကြမ်း ပုးပေါင်းကော်မတီ အစီရင်ခံ

သမ္မတ၏သ၀ဏ်လွှာ မဏ္ဍိုင်သုံးရပ်အပေါ် လွှမ်းမိုးစွက်ဖက်မှုရှိဟု ဥပဒေကြမ်း ပုးပေါင်းကော်မတီ အစီရင်ခံ

Written By Unknown on Thursday, August 22, 2013 | 4:50 PM

နေပြည်တော်၊ သြဂုတ် ၂၂

“အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ”နှင့် “တိုင်းဒေသကြီးသို့ မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ” တို့သည့် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်မှု မရှိဟုဆိုသော သမ္မတ၏ သ၀ဏ်လွှာ သဘောထား မှတ်ချက် ကို လွှတ်တော်တွင်း ဆွေးနွေးခြင်း မပြုသေးမှီ နိုင်ငံပိုင်သတင်းစာ များတွင် ဖေါ်ပြခဲ့မှုသည် အုပ်ချုပ်ရေး ၊တရားစီရင်ရေးနှင့် ဥပဒေပြုရေး အပေါ်လွှမ်းမိုး စွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပုးပေါင်းကော်မတီက အစီရင်ခံ တင်သွင်းလိုက်သည်။

ယင်းဥပဒေကြမ်းနှင့် ပက်သတ်သည့် သ၀ဏ်လွှာကို သြဂုတ်လ ၅နှင့် ၇ ရက်တွင် သမ္မတက လွှတ်တော်ကို ပေးပို့ ခဲ့ပြီး၊ နိုင်ငံပိုင် သတင်းစာများတွင် သြဂုတ်လ ၇နှင့် ၈ ရက်တွင် ဆက်တိုက်ဖေါ်ပြခဲ့သည်
။ ပြည်ထောင်စု လွှတ်တော်တွင်မူ သြဂုတ်လ ၁၃ရက်နေ့ မှသာ ဖြန့် ဝေ ဆွေးနွး မှု ပြုလုပ်ခဲ့သည်။ထို့ကြောင့် ဥပဒေကြမ်း ပုးပေါင်းကော်မတီက သမ္မတ၏ သ၀ဏ်လွှာ သဘောထား မှတ်ချက်ကို ပြန်လည်သုံးသပ်၍ ကော်မတီ ဥက္ကဌဦးနန္ဒကျော်စွာက သြဂုတ်လ(၂၂)ရက် (ယနေ့ ) ပြည်ထောင်စု လွှတ်တော်တွင်အစီရင်ခံစာကို ဖတ်ကြားတင်သွင်း ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာ အပိုဒ်(၁၇)တွင် “ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုရေးနှင့် စပ်လျှဉ်း၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့ ၏ သတင်းထုတ်ပြန်ချက် ၁၄/၂၀၁၃ နှင့်၁၅/၂၀၁၃ တို့ သည် နိုင်ငံတော်သမ္မတ၏ သတင်းထုတ်ပြန်ချက်ဟု သဘောရရှိပါသည်။

ယင်းသတင်း ထုတ်ပြန်ချက်များတွင် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ ၅.၈.၂၀၁၃နှင့် ၇.၈.၂၀၁၃ ရက်နေ့  များတွင်ပေးပို့ ခဲ့သည့် သ၀ဏ်လွှာများပါ အကြောင်းအရာများကို အပြည့်အစုံ ဖေါ်ပြထားကြောင်း တွေ့ ရှိရပါသည်။

ယခုကဲ့သို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့် နိုင်ငံတော် သမ္မတတို့ အကြား လုပ်ငန်းဆိုင်ရာဆက်သွယ်သော သ၀ဏ်လွှာများကို လွှတ်တော် ကိုယ်စားလှယ်များပင် လေ့လာ သိရှိခွင့် မရှိသေးမှီ
နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ဖေါ်ပြခြင်းသည် ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများကို ပြည်သူလူထုက အထင်အမြင်လွှဲမှားစေသော လုပ်ဆောင်ချက်များ ဖြစ်ကြောင်း တွေ့ ရှိရပါသည်။” ဟုဖေါ်ပြထားသည်။

ထို့ပြင်အစီရင်ခံစာ အပိုဒ်(၁၈)တွင်
“အထက်တွင်ဖေါ်ပြခဲ့သည့် သ၀ဏ်လွှာပါအကြောင်းအရာများနှင့် သတင်းထုတ်ပြန်ချက်များသည် ပြည်ထောင်စုလွှတ်တော်အပေါ် အများပြည်သူက အထင်အမြင်လွဲမှားမှုများ နားလည်မှုလွဲမှားမှုများ
ဖြစ်ပေါ်စေနိုင်သည့် အပြင် ပြည်ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်ပါသည်။ ပြည်ထောင်စုလွှတ်တော် နှင့်နိုင်ငံတော်သမ္မတရုံးတို အကြား ဆက်သွယ်ဆက်ဆံရေး ၌ မပြေလည်မှုများ အဆင်မပြေမှုများ ဖြစ်ပေါ်နေဘိသကဲ့သို့ ထုတ်ဖေါ်ရာ ရောက်စေပါသည်။” ဟုလည်း ဖေါ် ပြထားသည်။

စိုင်းနောင်

Popular Myanmar News Journal