Home » » ကိုဝင်းဇော်ဦး ဆေးကုသရန် စင်ကာပူကို သွားရောက်

ကိုဝင်းဇော်ဦး ဆေးကုသရန် စင်ကာပူကို သွားရောက်

Written By Unknown on Thursday, August 15, 2013 | 7:41 PM

အရပ် ၇ ပေ ကျော်မြင့်တဲ့ ကိုဝင်းဇော်ဦးကို ဆေးကုသဖို့အတွက် စင်ကာပူနိုင်ငံကို ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ သူ့ရဲ့ ဆေးဝါးကုသမှုကို တာဝန်ယူပေးနေတဲ့ အသည်းအထူးကု ဆရာဝန်ကြီး  ဦးခင်မောင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

Growth Hormone (ဟော်မုန်းဓာတ် ကြီးထွားနှုန်း) လွန်ကဲမှုကြာင့် အရပ် ၇ ပေ ၁၀ လက်မကျော်မြင့်နေတဲ့ ကိုဝင်းဇော်ဦးကို ခွဲစိတ်ကုသဖို့အတွက် စကာပူနိုင်ငံကို ဒီနေ့မနက် ၁၀နာရီက လေယာဉ်နဲ့ ထွက်ခွာသွားခဲ့တာပါ။

ကိုဝင်းဇော်ဦးကို စင်ကာပူ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသသွားမှာဖြစ်ပြီး အနီးကပ်စောင့်ရှာက်ဖို့နဲ့ ကုသမှုအခြေအနေတွေကို သတင်းထုတ်ပြန်ဖို့အတွက် ဒေါက်တာခင်လေးရီ၊ ဒေါက်တာ သက်ထားခင်နဲ့ ဒေါက်တာမြတ်သူမင်းတို့ လိုက်ပါသွားခဲ့ကြပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထုံးပေါက်ချိုင် ကျေးရွာက ကိုဝင်းဇော်ဦးဟာ ဦးနှောက်အောက်မှာရှိတဲ့ အကြိတ်ကြောင့် ဟော်မုန်းဓာတ် ကြီးထွားနှုန်း လွန်ကဲပြီး ခန္ဒာကိုယ် အလွန်အမင်း ကြီးထွားတာဖြစ်ပါတယ်။ လက်တလောမှာတော့ စင်ကာပူနိုင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှာဖြစ်ပြီး ဆေးကုသဖို့ ငွေကြေးလိုအပ်မှုတွေရှိနေတယ်လိုလည်း သိရပါတယ်။

 by ဒီဗွီဘီ