Home » » အီဂျစ် သပိတ် ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော်

အီဂျစ် သပိတ် ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော်

Written By Unknown on Thursday, August 15, 2013 | 7:33 PM

အီဂျစ် သပိတ်စခန်း ဖြိုခွင်းမှု သေဆုံးသူ ၅၀၀ ကျော် ရှိသွားပြီလို့ အီဂျစ် ကြားဖြတ်အစိုးရက ကြေညာပါတယ်။

ဗုဒ္ဒဟူးနေ့က ကိုင်ရိုမြို့လယ်ခေါင်ရှိ မွတ်ဆလင်ညီနောင်များရဲ့ သပိတ်စခန်းတွေကို စစ်တပ်က ဖြိုခွင်းခဲ့ရာမှာ လူ ၂ထောင်ထက်မနည်း သေဆုံးသွားတယ်လို့ မွတ်ဆလင်ညီနောင်များအဖွဲ့က ပြောပါတယ်။

သေဆုံးသွားသူတွေရဲ့ ဈာပနတွေကို အခု ကျင်းပနေပြီး ကြာသပတေးနှောင်းပိုင်းမှာ မွတ်ဆလင်ညီနောင်များအဖွဲ့က ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ရာထူးက ဖယ်ရှားခံရတဲ့ သမ္မတ မိုဟာမက်မော်စီကို နောက်ထပ် ရက် ၃၀ တိုးပြီး ထိန်းသိမ်းဖို့ အီဂျစ် တရားရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတ မော်စီကို ဘယ်မှာဖမ်းဆီးထားသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)