Home » » အုပ်စုဖြင့် ၀ိုင်းဝန်းထိုးကြိတ် ကားအားဖျက်စီး

အုပ်စုဖြင့် ၀ိုင်းဝန်းထိုးကြိတ် ကားအားဖျက်စီး

Written By Unknown on Monday, August 19, 2013 | 4:49 PM

ရန်ကုန်၊ သြဂုတ် ၁၉

၁၈.၈.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်နေ ကိုသူထက်အောင် သည် ၎င်းပိုင် မာစီးဒီး အနက် ရောက်ယာဉ်ဖြင့် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ The Best စားသောက်ဆိုင်သို့သွားရောက်စဉ် ဆိုင်အ၀င် လမ်းဘေးရှိ အမည် မသိလူငယ်(၈)ဦးခန့်အနက် (၁)ဦးမှ ကားဘေးအား လက်ဖြင့် တွန်းခဲ့၍ ကိုသူထက်အောင်မှ ဆင်းကြည့်စဉ် အဆိုပါလူငယ်(၈)ဦးမှ ၀ိုင်းဝန်း ဆဲဆို ထိုးကြိတ်သည့် အပြင် ကားအားခဲ့ဖြင့် ထုခဲ့၍ ရှေ့နောက် လေကာမှန်များ ကွဲအက်၊ ယာဘက်တံခါးနှင့် နောက်ဖုံး တို့ပိန်ချိုင့် သွားခဲ့သောကြောင့် ကာလတန်ဘိုးငွေ ကျပ်သိန်း(၁၅၀) ခန့်
ဆုံးရှုံးခဲ့သဖြင့် စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ဗဟန်းမြို့မရဲစခန်း (ပ) ၃၂၆/၂၀၁၃၊ ပုဒ်မ ၂၉၄/၃၂၅/၄၂၇/၁၁၄ ဖြင့်အမှုဖွင့်အရေး ယူခဲ့ပါသည်။

အဆိုပါအမှုမှ တရားခံများအား စုံစမ်းဆောင်ရွက်ခဲ့ရာ တာမွေမြို့နယ်၊ ဗျိုင်းရေအိုး စင်ကွက်သစ်ရပ်ကွက် နေသူများ ဖြစ်သည့် မင်းနိုင် (ဘ)ဦးခင်မြင့်၊ နိုင်ဝင်း(ဘ)ဦးချစ်စိန်၊ တူတူ(ဘ)ဦးလတ်မင်း၊ ဝေလင်းကျော်(ဘ) ဦးမြင့်ဆွေ၊ အေးကျော်နိုင်(ဘ)ဦးကျော်ဝင်း၊ ဇာနည်(ဘ)ဦးလှမြင့်၊ ဇေလင်းထွန်း (ဘ)ဦးလှဝင်းတို့(၇)ဦးမှ ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင် စုံစမ်း ဖော်ထုတ်ရရှိသဖြင့် ဖမ်းဆီး စစ်ဆေးလျက်
ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police