Home » » တိုင်းလွှတ်တော်ဥက္ကဌ နေအိမ် ရွှေထည်ပစ္စည်းပျောက်ဆုံးမှု အိမ်အကူကိုဖမ်းဆီးစစ်ဆေး

တိုင်းလွှတ်တော်ဥက္ကဌ နေအိမ် ရွှေထည်ပစ္စည်းပျောက်ဆုံးမှု အိမ်အကူကိုဖမ်းဆီးစစ်ဆေး

Written By Unknown on Monday, August 19, 2013 | 12:37 PM

ရန်ကုန် ၊ သြဂုတ် ၁၈ ။           ။ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၏နေအိမ်တွင် ရွှေထည်ပစ္စည်း ၁ရ မျိုး(ကာလတန်ဖိုးကျပ်သိန်း ၁၂ဝကျော်)ရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေသဖြင့် ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းတွင် ဩဂုတ် ၁၁ ရက်က အမှုဖွင့်ခဲ့ကြောင်း သိ ရသည်။ 

ရွှေထည်ပစ္စည်းပျောက်ဆုံးမှုတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိ လေးက ပျောက်ဆုံးမှုနှင့်ပတ်သက် ပြီး ဩဂုတ်၁၁ရက်က အမှုဖွင့်ခဲ့ သဖြင့် နေအိမ်တွင်အကူအဖြစ် လုပ်ကိုင်နေသူ မဝေဝေသင်း အ သက်၂၁နှစ် ဟင်္သတမြို့ နယ်နေ သူအား ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။  ''ဝန်ကြီးများအိမ်ရာဝင်း ဂိတ်နဲ့ လွှတ်တော်ဥက္ကဌအိမ်မှာ ပါ လုံခြုံရေးအပြည့်ချထားတော့ လူစိမ်း အဝင်/အထွက်မရှိဘူး။ အိမ်ရဲ့အနေအထား၊ အခန်းထဲ မှာထားတဲ့ ပစ္စည်းအခြေ အနေ၊ လုံခြုံရေးထားတဲ့အနေအထား တွေကြောင့် လောလောဆယ် အိမ်ထဲဝင်/ထွက်ခွင့်ရှိတဲ့သူကို သံသယတရားခံအဖြစ်နဲ့ အိမ်အ ကူမလေးကို ဖမ်းဆီးစစ်ဆေးနေ ပါတယ်''ဟု အမှတ်(၂)ရဲစခန်း မှူးက ပြောသည်။ ယင်းအမှုအမြန်ဆုံးပေါ် ပေါက် နိုင် ရေးအတွက် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး၊ ပုသိမ်မြို့နယ်ရဲတပ် ဖွဲ့မှူးများအပါအဝင် (စစစ)၊SP နှင့် ရဲတပ်ဖွဲ့အကြီးအကဲများ ကိုယ် တိုင်ပါဝင်၍ ပုသိမ်မြို့ အမှတ် (၂)ရဲစခန်းတွင် (ပ)၁၂၇/၂၀၁၃၊ ပုဒ်မ(၃၈၁)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင် ရွက် လျက်ရှိ သည်။

''ရွှေထည် ပစ္စည်းပျောက် ဆုံးမှုနဲ့ပတ်သက်ပြီးတော့ အိမ် အကူမလေးကို ညလုံးပေါက်စစ် နေတာတွေရှိတယ်။ ပျောက်တဲ့ ပစ္စည်းကလဲ လွှတ်တော်ဥက္ကဌ ဇနီးရဲ့ပစ္စည်းတွေလို့ သိရတယ်။ အမှုက စစ်ဆေးဆဲပဲရှိသေးလို့ တိုင်ကြားတဲ့ အမှုပေါ် ပေါက်တယ် လို့မကြားမိသေးဘူး''ဟု အမှတ် (၂)ရဲစခန်းနှင့်အနီး သတင်းရပ် ကွက်မှ သိရသည်။  လက်ရှိဧရာဝတီတိုင်းဒေသ ကြီး၏ လွှတ်တော်ဥက္ကဌဖြစ်သူ ဦးတင်စိုးသည် ယခင်တိုင်းအစိုးရ အဖွဲ့တွင် ကနဦးစိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လူမှုရေးဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးအပ် ခံခဲ့ရကာ ၂၀၁၂ခုနှစ်စပိုင်းတွင် လစ်လပ်သွားသော တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဌ တာဝန်ကို တိုးမြှင့် ပြောင်းလဲထမ်းဆောင် ခဲ့ပြီး ယခု ဧရာဝတီ တိုင်း ဒေသ ကြီး ဝန်ကြီးများ အိမ်ရာဝင်းတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

စိုးမိုး (ပုသိမ်)

Yangon Media Group