Home » » မြန်မာ့လက်ဖက် ပြည်ပတင်ပို့နိုင်ရေး ဂျာမနီကူညီမည်

မြန်မာ့လက်ဖက် ပြည်ပတင်ပို့နိုင်ရေး ဂျာမနီကူညီမည်

Written By Unknown on Thursday, August 8, 2013 | 6:04 PM

မြန်မာ့လက် ဖက်များ နိုင်ငံတကာဈေးကွက် သို့တင်ပို့နိုင်ရန်အတွက် ဂျာမနီမှ နည်းပညာများကူညီပေးသွားမည် ဖြစ်ကြောင်း လက်ဖက်စိုက်တောင် သူများထံမှသိရရှိသည်။ ယင်းကဲ့သို့ ဂျာမနီနိုင်ငံမှ နည်း ပညာများ ကူညီပေးနိုင်ရန် အတွက် မြန်မာ့လက်ဖက်အများ ဆုံးထွက်ရှိရာ ရှမ်းပြည်နယ်(မြောက် ပိုင်း)ဒေသများရှိ ကျောက်မဲ၊ မိုင်း လုံ၊ မိုင်းငေါ့၊ မာန်တုန်၊ အောင်ပန်း၊ နမ့်ခမ်း၊ ကလောနှင့် ပင်းတယ ဒေသများတွင်ဩဂုတ် ၂၆ရက် မှစတင်ကာ လေ့လာ မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပလောင်လက် ဖက်စိုက်ပျိုးထုတ်လုပ်သူများအ သင်းဥက္ကဋ္ဌဦးထွန်းမြိုင်က ''အခု သူတို့ကတော့ ဒီကလက်ဖက်တွေ ကို ပြည်ပတင်ပို့ဖို့အတွက် ကူညီ မယ်လို့ပြောတယ်။ အဲဒါနဲ့ ပတ် သက်ပြီး လက်ဖက်အကြောင်းကို လာပြီး သုတေ သန လုပ်မယ်။ အခု ရှမ်းပြည်နယ်မြောက်ပိုင်းက လက် ဖက်အများဆုံးထွက်တဲ့ဒေသဖြစ် တယ်၊ အဲဒါမို့အရင်စစ်တာပါ''ဟု ပြောသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိလက်ဖက်များအား ပြည်ပသို့တင်ပို့ရန်နှင့်အရည်အ သွေးမြင့်၍ စိုက်ပျိုး နိုင်ရန်လက်ရှိ စိုက်ပျိုးနည်းများကို ကွင်းဆင်း စစ်ဆေးမူများပြုလုပ်ခြင်းဖြစ် ကြောင်း ယင်းကဆက်လက်ပြော ကြားသည်။

လက်ရှိတွင် လက်ဖက်ပင် သည် ၃နှစ်မှ ၄နှစ်အထိ စိုက်ပျိုး ရပြီး ယင်းအပင်များအကြားတွင် အခြားအပင်များစိုက်ပျိုးခြင်း ကြောင့် အရည်အသွေးကျဆင်း ခြင်းများဖြစ်ခြင်းကြောင့် မြန်မာ့ လက်ဖက်များအရည်အသွေးမြှင့် ထုတ်လုပ် နိုင်ရန် အတွက် ထည့် သွင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ဖက်စိုက်ပျိုးထုတ် လုပ်သူများမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာလက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ တာဝန် ရှိသူတစ်ဦးက ''လက်ဖက်အရည် အသွေး နဲ့ အထွက် နှုန်းတွေမက ဘူး။ ချေးငွေတွေရနိုင်အောင် ညှိ နှိုင်းဆွေးနွေးသွားမယ်''ဟုပြော သည်။ ယခုလက်ရှိတွင် မြန်မာ့ လက်ဖက်များကိုထိုင်ဝမ် ကုမ္ပဏီ များမှ အဓိကမှာယူလျက်ရှိပြီး တ ခြားနိုင်ငံများကလည်း မြန်မာ့ လက်ဖက် များ ကို စိတ်ဝင်စား လျက် ရှိပြီး အမှာများရှိကြောင်း ပလောင် လက်ဖက်စိုက်တောင်သူများက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရှမ်း ပြည်နယ်၊ ကချင်ပြည်နယ်များ တွင် လက်ဖက်အများဆုံးစိုက်ပျိုး ကြကြောင်းသိရသည်။

မို့မို့သန္တာ

Yangon Media Group