Home » » ရေနစ်သေဆုံးတဲ့သတင်းတွေ မကြာခဏ ကြားနေရလို့ မိဘတွေစိတ်ပူလာကြ

ရေနစ်သေဆုံးတဲ့သတင်းတွေ မကြာခဏ ကြားနေရလို့ မိဘတွေစိတ်ပူလာကြ

Written By Unknown on Wednesday, August 7, 2013 | 5:21 PM

ရန်ကုန်၊  ဇူလိုင် ၃၁  -  မြစ်အတွင်း  ရေနစ်သေဆုံးမှုတွေ မကြာခဏ ဖြစ် ပွားနေတဲ့သတင်းတွေကြောင့်  မိဘတချို့က သားသမီးတွေကို မြစ်ကမ်း နားမသွားဖို့ ပြောဆိုဆုံးမနေရတဲ့အပြင် စောင့်ကြည့်နေရတာ တွေ ရှိလာ ပါတယ်။

ယခုရက်အတွင်းမှာလည်း လှိုင်မြစ်အတွင်းနှစ်ရက်ဆက်တိုက် မြစ်ဆိပ်ကမ်း မှာ အလောင်း ပေါ်တာတွေ တွေ့ရှိခဲ့ရပြီး သုံးရက် မြောက်နေ့မှာတော့    ညီအစ်ကို နှစ်ယောက် ရေဆင်းကူးရင်း  ညီဖြစ်သူရေနစ်နေလို့ အစ်ကိုဖြစ် သူက ရေကူးပြီးဆင်းဆယ်ရာမှ ညီအစ်ကို နှစ်ဦးလုံး  ရေနစ်ပျောက်ဆုံး သွား ပြီး ညနေဘက် ရေကျမှဝါးတန်းဇက်ဆိပ်အနီးကမ်းစပ်မှာ အလောင်း နှစ်လောင်း  ပြန်ပေါ်လာတယ်လို့ သိရပါတယ်။ အခြား မြို့ နယ်တွေမှာ လည်း  ရေနစ်ပြီး သေဆုံးမှုတွေ ရှိနေပါတယ်။

အခုလို ရေနစ်ပြီး သေဆုံးမှု တွေ ကြားနေရလို့  မြစ်နဲ့ နီးတဲ့ နေ ရာတွေမှာ   နေတဲ့   မိဘတွေဟာ သားသမီးတွေကို မြစ်ကမ်းနား သွားမှာကို စိုးရိမ် ပူပန်နေကြတယ်။   

အလုပ်လုပ်ရတာ   စိတ်မဖြောင့်

'အရင်ကဆို  အဲဒီလောက် အထိ  မကြားမိပါဘူး၊  ဒီလတွေထဲမှာ ခဏခဏ  ကြားနေရတော့ ကိုယ့် သားလေးတွေသာဆိုရင်လို့ တွေး မိပြီးရင်တွေတောင်  ပူလာတယ်၊  မ နေ့ကဆို  အလုပ်သွားရတာ စိတ်မ ဖြောင့်ဘူး၊ သားကို  ဖြစ်နိုင်ရင်  ကလေးတုန်းကလို သွားလေရာ ခေါ်သွားချင်တာ၊  တစ်ခါတလေသူ့ အပေါင်းအသင်းတွေ အဆွယ်ကောင်းရင် မြစ်ဆိပ်မှာ  ဘောလုံးသွားကစားသေးတယ်”လို့  ဒလ မြစ်ကမ်းနားမှာ  နေထိုင်ပြီး  ညောင်ပင်လေးဈေးမှာ  အလုပ်သွားလုပ်နေတဲ့မချိုရီက သူ့စိတ်သောကကို  ပြောပြပါတယ်။

မိဘတွေအလုပ်သွားလုပ်နေတဲ့ အချိန်မှာ  ကလေးတွေဟာ မြစ်ထဲဆင်း ကစားကြတာတွေရှိပါတယ်။ အပေါင်းအသင်းတွေ စုပြီး မိဘတွေမသိအောင်   ရေကူးပြိုင်၊ ရေငုပ်ပြိုင်ကြပါတယ်။ အဲသည်လို  ရေငုပ်ပြိုင်ရင်း ပြန်ပေါ် မလာတော့တဲ့  ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူး တယ်လို့ ဆိုပါတယ်။   
ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်မှာနေတဲ့  ဦးဇော်အောင်က 'အခုခေတ် ကလေးတွေက ပြောရခက်တယ်၊  တစ်နေ့ကလဲ ကလေးနှစ်ယောက်  ရေနစ်သေတယ်  ကြားတယ်၊  အဲဒါတောင် အိမ်က သားကို မင်းရေသွား မကူး နဲ့  ပြောတော့ အဲဒါသူတို့က  ရေမကူးတတ်လို့  နေမှာပေါ့တဲ့၊  အခု    အိမ်မှာ တုတ်တစ်ချောင်းဆောင် ထားရတယ်၊  မြစ်ဆိပ်သွားရင် ဒီ မှာ တုတ်ကြည်”လို့ ပြောနေရတယ်လို့   ပြောမရလို့ တုတ်ဆောင်ထားရ ပုံကို  ပြောပါတယ်။

အမည်မသိလူတွေလည်းပါ

'ရေမျောလာတဲ့  လူတွေထဲမှာ  တချို့က အမည်၊  နေရပ်လိပ်စာ လုံးဝမသိ သေးဘူး၊  စုံစမ်းစစ်ဆေး နေတုန်းပဲ၊  ဒီရက်အတွင်း မျောပါလာတဲ့   အလောင်းနှစ်လောင်းက အမျိုးသားတွေချည်းပဲ၊   တစ်ယောက်က  ၃၅   နှစ်ခန့်ရှိပြီး  နောက်တစ်ယောက်က ၄၀ ခန့်  ရှိတယ်၊ ပြင်ပဒဏ်ရာတော့   မတွေ့ရဘူး၊ အလောင်းတွေ့ရတဲ့ အချိန်မှာ  ပုပ်ပွပြီး သေဆုံးပြီ၊ နှစ်ရက် ဆက်တိုက်မျောလာတာပါ”လို့  ဆိပ်ကမ်း မြို့နယ် ရဲစခန်းမှတာဝန်ရှိသူရဲ အရာရှိတစ်ဦးက ပြောပါတယ်။

အေးမိုးသူ၊  အိဆုစံချစ်    

The Modern News Journal