Home » » တိုင်ဖွန်းမိုင်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၂၃ ဦး ပျောက်ဆုံး

တိုင်ဖွန်းမိုင်တိုင်းကြောင့် ဖိလစ်ပိုင်တွင် လူ ၂၃ ဦး ပျောက်ဆုံး

Written By Unknown on Monday, August 12, 2013 | 5:37 PM

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့တိုက်ခတ်ခဲ့တဲ့ အူးတောရ် Utor တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၂၃ ဦး ပျောက်ဆုံးနေတယ်လို့ သတင်းဌာနတွေက လောလောဆယ် ထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူအားလုံးဟာ Utor မုန်တိုင်း ချဉ်းကပ်လာခဲ့တဲ့ အဓိက ကျွန်းမကြီး လူဇွန်ကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေဘက်က ပင်လယ်ပြင်မှာ ငါးဖမ်းထွက်နေသူကြသူတွေလို့ အမျိုးသား ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲက ပြောပါတယ်။

၁ နာရီ ၁၂၄ မိုင်နှုန်းနဲ့ တိုက်ခတ်လာတဲ့ Utor တိုင်ဖွန်းဟာ ဒီနှစ်ထဲ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တယ်လို့ မိုးလေ၀သဌာနက ဆိုပါတယ်။

ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က လူဇွန်ကျွန်းရဲ့ တောင်ထူထပ်တဲ့ မြောက်ဘက်ပိုင်းမှာ မြေပြိုကျတာတွေ၊ ဓာတ်ကြိုးတွေ ပြတ်တောက်လို့ လျှပ်စစ်မီး ပြတ်တောက်တာတွေလည်း ဖြစ်နေတာပါတယ်။

မုန်တိုင်းဟာ မြောက်ပိုင်းက နွီဗာ ဗဇ်ကာယာ ခရိုင်ကို ၀င်ရောက်တိုက်ခတ်သွားပြီး တောင်တရုတ်ပင်လယ်ဘက် ထွက်မသွားခင်မှာ ဒီနေ့ တနေ့လုံး မြောက်ပိုင်းဒေသတွေကို တိုက်ခတ်နေမယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးဆက်တိုက် ရွာမယ်လို့ ခန့်မှန်းထားတာကြောင့် မနီလာမြို့တော်က ကျောင်းအတော်များများကို ဒီနေ့ ပိတ်ထားပါတယ်။

by ဒီဗွီဘီ