Home » » မြောက်ဦးသို့ နိုင်ငံခြားခရီးသွားများ ခရီးသွားလာ ခွင့်အား ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်

မြောက်ဦးသို့ နိုင်ငံခြားခရီးသွားများ ခရီးသွားလာ ခွင့်အား ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်

Written By Unknown on Wednesday, August 21, 2013 | 12:01 PM

မြောက်ဦး၊ သြဂုတ်- ၂၁

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြောက်ဦးမြို့ သို့ နိုင်ငံခြားသားများ ၀င်ရောက်မှုနည်းပါးခဲ့သည့်အပြင် ခရီးသွားလာ ခွင့် ကိုလည်း ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ထားခဲ့ရာမှ ယခုခါတွင် ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုသို့ကန့်သတ်နယ်မြေများအဖြစ် ပြုလုပ်ခဲ့ရခြင်းမှာလည်း နိုင်ငံခြားသား တစ်ချို့သည် သွားချင်သည့်နေရာကို သွားရောက်ခြင်းများ၊ မဆင်မခြင် သွား လာခြင်းများကြောင့် ဖြစ်သည်ဟုလည်း မြောက်ဦးဒေသခံတစ်ဦး ထံ မှ သိရသည်။

ယခုအခါတွင် ရခိုင်ပြည်နယ်အတွင်း ပြည်ပခရီးသွားများ စိတ်ဝင်သည့် မြောက်ဦးသို့ သွားလာနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးကမီဒီယာများသို့ ပြောကြားခဲ့ကြောင်း လည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်းသည် ယခုနှစ်အတွင် ဆိုးရွားစွာကျဆင်းခဲ့ပြီး သွားလာသူ နည်းပါးခဲ့ကြောင်းနှင့် ခရီးသွားလုပ် ငန်း နှင့်ဆက်စပ်နေသော လုပ်ငန်းများအားလုံးနီးပါး ရပ်ဆိုင်ထားခဲ့ရ ကြောင်းလည်းသိရသည်။

သို့သော်လည်း ခရီးသွားလုပ်ငန်း ကောင်းမွန်ရန်အတွက် ခရီးသွားများ စွာ ရောက်ရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ခရီးသွားလာခွင့်ကို လွပ် လပ်စွာ ပေးထားရန်လိုအပ်ကြောင်းလည်း သိရသည်။
"ဟိုတယ်တွေ ပိတ်ထားရတယ်။ ခရီးသွား တစ်ဦး နှစ်ဦးလာလို့ ဘယ်လိုမှ တည်းခိုဖို့ စီစဉ်ပေးလို့မရဘူး။ စရိတ်နဲ့မကာမိတော့ဘူးလေ။ ဒါကြောင့် ဟို တယ်အားလုံးလည်းပိတ်ထားပါတယ်။ ဧည့်သည်က အယမ်းနည်းနေ တော့ အဆင်မပြေတာကြောင့် ပိတ်ထားတာပါ။ တစ်လနေလို့ တစ်ယောက် ရောက်တာကို ဘယ်လို လုပ်ဖွင့်လို့ရမလဲ။ မြောက်ဦးမှာ ဟို တယ်လုပ်ငန်းရှင်တွေ အတော်လေး စိတ်ပျက်နေကြတယ်"ဟု မြောက် ဦး မြို့မှ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

RSV