Home » » ရန်ကုန် ဆိပ်ကမ်းကြီးများမှ ဝင်လာသော ကုန်ပစ္စည်းများ တရားဝင်ဟုတ်မဟုတ် မိုဘိုင်းလ်အဖွဲ့ စစ်ဆေးခွင့်မရသေး

ရန်ကုန် ဆိပ်ကမ်းကြီးများမှ ဝင်လာသော ကုန်ပစ္စည်းများ တရားဝင်ဟုတ်မဟုတ် မိုဘိုင်းလ်အဖွဲ့ စစ်ဆေးခွင့်မရသေး

Written By Unknown on Sunday, August 11, 2013 | 6:29 AM

ရန်ကုန် ၊ သြဂုတ် - ၉ ။             ။ ပင်လယ်ရေ ကြောင်းလိုင်းမှ ဝင်လာသောကုန် ပစ္စည်းများတွင် တရားမဝင်ကုန် ပစ္စည်း ပါဝင်မှုရှိမရှိ စစ်ဆေးရာ တွင် အပြည်ပြည်ဆိုင်ရာဆိပ် ကမ်းများအား စစ်ဆေးခွင့်မရရှိ သေးဟု တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးဗဟို ကော် မတီခေါင်းဆောင်၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာကာ ကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးညွှန့်အောင် က ထုတ်ဖော်ပြောကြားလိုက် သည်။

''ပင်လယ်ရေကြောင်းလိုင်း အတွက် ဆိပ်ကမ်းတွေကို စစ်ဆေး ခွင့်ရတာနဲ့ တစ်ပတ်အတွင်း စစ် ဆေးသွားမှာပါ။ ဒီဆိပ်ကမ်းတွေ ကိုစစ်ဆေးတဲ့ အတွက် ရင်ဆိုင်ရမယ့်ပြဿနာ တွေအများကြီးရှိတယ်။ ကျွန်တော် တို့အဖွဲ့တွေကို မီဒီယာက တစ်ဆင့် တိုက်ခိုက်တာရှိသလို သမ္မတဆီ ကို တိုက်ရိုက်တိုင်ကြားနိုင်တဲ့သူ တွေရှိတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ကို ပြန်စစ်ဆေးမယ့် အဖွဲ့တွေကို မိုဘိုင်းအဖွဲ့က တာ ဝန်ရှိသူတွေပါတဲ့ နိုင်ငံတော်အ ဆင့် စစ်ဆေးရေးအဖွဲ့တွေနဲ့ပဲ စစ်ဆေး ပေး စေချင်တယ်''ဟု ပြော သည်။

 ယင်းသို့ စစ်ဆေးရာတွင် တရားမဝင် ကုန်ပစ္စည်းပါဝင်မှု ရှိ မရှိ စစ်ဆေးတွေ့ရှိလာပါက မည် သည့်အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူ ပုဂ်ဂိုလ်ကိုမဆို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တရားမဝင် ပင်လယ် ရေကြောင်း ဖမ်းဆီး စစ်ဆေးခြင်း များကို အပြည်ပြည်ဆိုင်ရာရေ ကြောင်းသင်္ဘောဆိပ်ကမ်းများ ဖြစ်သော အေရှားဝေါလ်၊ ထီးတန်း ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ဗိုလ်အောင် ကျော်ဆိပ်ကမ်း၊ အမှတ်(၄)သီ လဝါဆိပ်ကမ်း၊ အပြည်ပြည် ဆိုင် ရာ သီလဝါဆိပ်ကမ်းများအား စစ်ဆေးခွင့်မပြုသေးကြောင်း၊ စစ်ဆေးခွင့်ပြုပါက တစ်ပတ်အ တွင်း ဝင်ရောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောသည်။

ဩဂုတ်၉ရက်က ရန်ကုန် မြို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ် သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် တရားမဝင်ကုန်သွယ် မှုတားဆီးရေး ဗဟိုကော်မတီ Mobile Team (ရန်ကုန်ဆိပ်ကမ်း နယ်မြေ) ဆောင်ရွက် မည့်အစီ အမံများ ချပြရှင်းလင်းသောပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးညွန့်အောင်က ''ဒီလိုအ ရေးယူတဲ့အခါမှာ သက်ဆိုင်ရာ လူကြီးတွေရဲ့ဆွေမျိုးတွေ၊ ဩဇာ ရှိတဲ့ကုန်သည်ကြီးတွေနဲ့ ဝန်ထမ်းတွေရင်ဆိုင်ရတဲ့အခါမှာ တာဝန် ရှိသူတွေက မှားတဲ့ဝန်ထမ်း၊ မှား တဲ့ကုန်သည်ကို မျှမျှတတအရေး ယူဖို့လိုပါတယ်။ ဒါမှသာ ရန်ကုန် ဆိပ်ကမ်းမှာ တရားမဝင်ကုန်ပစ္စည်း တားဆီးရေးတွေကို ဆောင်ရွက် နိုင်မှာပါ။ တရားမဝင် ကုန်ပစ္စည်း ကိုဖမ်းတဲ့အတွက် ကုမ္ပဏီကတော့ ဘာမှမဖြစ်ဘူး။ ဘဝပျက်သွားတဲ့ ဝန်ထမ်းတွေကတော့ အများကြီး ပါပဲ''ဟုပြောသည်။

ဦးညွန့်အောင် က ''နယ်စပ် ကုန်သွယ်ရေး တရားမဝင်ကုန် ပစ္စည်းဖမ်းဆီးမှုကြောင့် တစ်လ ကို တိုင်စာ ၂ဝလောက်အပို့ခံရ ပါတယ်။ ပင်လယ်ရေကြောင်းဆို ရင် တစ်လတိုင်စာ ၅ဝလောက် အထိအပို့ခံရမယ်လို့ မှန်းထားပါ တယ်'' ဟုပြော သည်။

တရားမဝင်ကုန်ပစ္စည်းစစ် ဆေးဖမ်းဆီးခြင်းများအား ယခု လ ၁၂ရက်တွင်စတင်မည်ဖြစ်ပြီး ရန်ကုန် ကုန်းလမ်းဝင်ပေါက်များ ဖြစ်သော ပဲခူးဝင်ပေါက်၊ ပြည် ဘက်မှ မှော်ဘီဝင်ပေါက်၊ နေပြည် တော်နှင့် ခရမ်းဝင်ပေါက်များနှင့် ပင်လယ် ရေကြောင်း ဝင်ပေါက် များမှ တော်ကလုပင်လယ်ရေဝ စောင့်ကြည့်ရေး၊ ပဲခူးမြစ်ဝစောင့် ကြည့်ရေး၊ ပုဇွန်တောင်တစ်လျှောက် စစ်ဆေးရေး၊ ရှုခင်းသာ၊ ကြည့်မြင် တိုင်၊ ဆင်မလိုက်၊ အလုံ၊ အင်းစိန်၊ ရွှေပြည်သာ စသောပင်လယ်ရေ ကြောင်း များ တွင် တစ်ပြိုင်နက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကူး သန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာ ကာကွယ်ရေးဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း က ပြောသည်။

ဖြိုးလွင်အောင် ၊ မို့မို့ သန္တာ