Home » » နေ့ ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူတော့မည်

နေ့ ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူတော့မည်

Written By Unknown on Tuesday, August 27, 2013 | 12:52 PM

ရန်ကုန် ၊ သြဂုတ် - ၂၆ ။        ။ နေ့အချိန် ဖွင့်သည့်ကလပ်များ (Day Club) ကို အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ တာဝန်ရှိသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူက '' Day Club  တွေရှိနေလို့ ကလေးတွေ၊ ကျောင်းသားတွေ ပိုပျက်စီးကြ တယ်ဆိုပြီး တိုင်တာ တောတာ တွေရှိလာတယ်။ ဒါကြောင့်  Day Club  တွေကို အရေးယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင်ဖွင့်ခွင့်ပေးထား တာမဟုတ် ပါဘူး''ဟု ပြောသည်။

ကျောင်းသားလူငယ်များ ကိုပျက်စီးစေသည့် အတွက် Day Club  များကိုအရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံ တိုင်ကြားမှုများရှိနေကြောင်း၊ ယင်းကြောင့် Day Club  များကို အရေးယူရန် ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

Day Club တစ်ခုရှိ ဝန်ထမ်း တစ်ဦးက ''ကလပ်ကိုလာတဲ့သူ တွေက ဆယ်ကျော်သက်ကလေး တွေများတယ်။ ၁၃နှစ်ကနေ ၁၉၊ ၂ဝအရွယ်တွေပဲ လာတာ။ ၂၀ ကျော်နည်းတယ်။ ဆယ်ကျော်သက် ကလေးသာသာဆိုပေမယ့် ကောင် မလေးတွေ ဝတ်တာ လန်ထွက်နေ တာပဲ။ ကျွန်တော်တို့ကလပ်ဆို တက္ကစီအဝင်မခံဘူး။ ကိုယ်ပိုင် ကားနဲ့လာမှရတာဆိုတော့ သူဌေး သား၊ သမီးတွေပဲ လာကြတာ''ဟု ပြောသည်။

နိုက်ကလပ်များကို ည ၁၁ နာရီအထိသာဖွင့်ခွင့်ပေးပြီး သတ် မှတ်ချိန် ထက်ကျော် လွန်ပါက အ ရေးယူမည်ဖြစ်ကြောင်း သိရသည်။

အေးမြမြထွန်း

Yangon Media Group