Home » » ကွန်ကရစ်လမ်းသမိုင်း (သို့မဟုတ်) အမြန်လမ်း Express Way

ကွန်ကရစ်လမ်းသမိုင်း (သို့မဟုတ်) အမြန်လမ်း Express Way

Written By Unknown on Tuesday, July 30, 2013 | 5:56 PM

ကွန်ကရစ်လမ်းခင်းခြင်းကို ဖွံ့ ဖြိုးဆဲနိုင်ငံများမှ စခဲ့ခြင်း မဟုတ်ဘဲ ၁၈၉၄ခုနှစ်တွင် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်ဘယ်လ်ဖွန်တီး မြို့၌ မြို့ကွက်ချထားစဥ...်က စတင်ခဲ့သည်ဟု ယုံကြည်ကြ ကြောင်း Federal Highway Administration က ထုတ်ပြန် ခဲ့သည့် ၁၉၉၈ခုနှစ် ဇူလိုင်၊ သြဂုတ်လထုတ် မဂ္ဂဇင်းအတွဲ (၆၂)၊ အမှတ်(၁)တွင် ပါရှိခဲ့သော Concrete Pave ments -Past ၊ Present and Future ဆောင်းပါးတွင် ဖော် ပြခဲ့သည်။ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ဆန်ဂျို့စ်နှင့် မောင့် ဟာမီလ်တန်ကို ဆက်သွယ်ထားသည့် State Route-130(SR- 130) လမ်း၊ မီချီဂန်ပြည်နယ်ရှိ Woodward Avenue လမ်း၊ တက္ကဆက်ပြည်နယ်ရှိ SH-130 လမ်း၊ ချီကာဂိုရှိ Hunter Expressway စသည့်လမ်းများသည် ကွန်က ရစ်လမ်း အမျိုးအစားဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်အတွင်း အမေရိကန် နိုင်ငံ၏ ပြည်နယ်ချင်း ဆက် သွယ်သောလမ်းများကို တည် ဆောက်ရာတွင် ကွန်ကရစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု ခဲ့ကြပြီး ပြည်နယ်ချင်းဆက် သွယ်သောလမ်းများ၏ ၆ဝ ရာခိုင်နှုန်းက ကွန်ကရစ်လမ်းများဖြစ်ကြောင်းကို Portland Seament Association၏ Concrete Pavement Websit ၌ ဖော်ပြထားသည်။

ကွန်ကရစ်လမ်းများကို ကမ္ဘာတစ်ဝန်း အတော်များ များ အသုံးပြုကြပြီး ကတ္တရာ လမ်းထက် ကွန်ကရစ်လမ်းက ခံနိုင်ဝန် ပိုထမ်းနိုင်သလို အပျက် အစီးနည်းပါးသည်။ ကွန်ကရစ် လမ်းသည် အစပိုင်းတည် ဆောက် စဉ်တွင် ကတ္တရာလမ်းထက် ပိုမိုကုန်ကျသော်လည်း ပြုပြင် ထိန်းသိမ်းရေးစရိတ်များကိုပါ ထည့်တွက်မည်ဆိုပါက ကတ္တရာ လမ်းထက်ကုန်ကျစရိတ်သက် သာသည်။ ကွန်ကရစ်လမ်း သည် ကတ္တရာလမ်းထက် သက်တမ်း ၂ဆ ပိုခံနိုင်သည်။

မြန်မာနိုင်ငံ၏ အဓိက လမ်းမကြီးဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ၂ဝဝ၉ခုနှစ်ကတည်းက စတင် ဖွင့်လှစ်ပြီး မော်တော်ယာဉ် များအား မောင်းနှင်ခွင့်ပေးခဲ့ သည်။

ထိုလမ်းမကြီးတွင် တစ်ဖက်လျှင် ၂၅ပေစီရှိသည့် ယာဉ်သွားလမ်း ၂လမ်းပါရှိပြီး ယာဉ်ကျောအလယ်တွင် လမ်း လယ်ကျွန်းပြုလုပ်ပေးထား သည်။ လူစည်ကားရှုပ်ထွေး သည့် မြို့ရွာများကို ရှောင် ကွင်းဖောက်လုပ်ထားသဖြင့် ပတ်ဝန်းကျင်အနှောင့်အယှက် နည်းပါးစွာဖြင့် သွားလာနိုင်သည်။ အဝေးပြေးလမ်း (High Way) နှင့်အမြန်လမ်း (Express way) ကိုလူအများက ခွဲခြားမသိကြသည် မှာအမှန်ပင်။ အဝေးပြေးလမ်း High way ဆိုသည်မှာ နိုင်ငံအတွင်း မြို့ကြီးတစ်မြို့ နှင့်တစ်မြို့၊ ခရိုင်တစ်ခုနှင့် တစ်ခု၊ တိုင်းဒေသကြီးတစ်ခုနှင့် တစ်ခု၊ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ်သည့် လမ်းမကြီးများ ဖြစ်ပြီး မြို့ရွာများကို ဖြတ်သန်း ဖောက်လုပ်ထားခြင်းဖြစ်သည်။

အမြန်လမ်း Express way ဆိုသည်ကား သီးခြားလမ်းကို ဆိုလိုသည်။ လမ်းမကြီး၏ အဓိကလက္ခဏာရပ် ၃ ချက်မှာ အမြန်သွားရောက် နိုင်ခြင်း (Fast)၊ သက်သောင့်သက်သာရှိခြင်း (Confortable) နှင့် အန္တရာယ်ကင်းရှင်းခြင်း (Safety) တို့ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် လမ်း အရှည်စုစုပေါင်း ၁၅ဝ၂၂၁ ကီ လိုမီတာရှိပြီး ရန်ကုန်-မန္တလေး အမြန်လမ်းသည် တစ်နိုင်ငံ လုံးရှိလမ်းအရှည် စုစုပေါင်း၏ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

ဇူလိုင်၂၂ရက်၊၂ဝ၁၃ခုနှစ်ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ် ရေးလုပ် ငန်းဦး ဆောင်ညွှန်ကြားရေး မှူးပါမောက္ခဦးကျော်လင်းက

" ယာဉ်အန္တရာယ် ဖြစ်ပွားရ ခြင်းအကြောင်းရင်း ၄ချက်ရှိပါ တယ်။ လူ(သို့မဟုတ်) ယာဉ် မောင်းသူကြောင့်၊ ယာဉ် ကြောင့်၊လမ်းရဲ့အား နည်းချက် ကြောင့် ဖြစ်တာတွေနဲ့ အခြား အကြောင်းကြောင့် ဖြစ်တာ တွေပါ။ အခြားအကြောင်း ကြောင့်ဆိုတာက လမ်းပေါ်မှာ ကျွဲ၊နွား တိရစ္ဆာန်တွေ၊ လမ်း လျှောက်သူတွေ၊ အနှောင့် အယှက်တွေကြောင့် ဖြစ်တာနဲ့ မိုးသဲသဲမဲမဲ ရွာတာမျိုး၊ နှင်း တွေ ထူထပ်နေတာမျိုးစတဲ့ မိုးလေဝသဖြစ်တာတွေပေါ့။ ဒီ လေးချက်ထဲမှာ အဖြစ်အများ ဆုံးက ယာဉ်မောင်းသူကြောင့် ဖြစ်တာအများဆုံးပါ။

သတ် မှတ်အမြန်နှုန်းဖြစ်တဲ့ ကီလိုမီ တာ ၁ဝဝအထက် မောင်းနှင် တာကို အထူးသတိထား ရှောင် ကြဉ်ဖို့လိုပါတယ်။ ကီလို ၁ဝဝ နဲ့ မောင်းနေတဲ့ကားကို နောက် ကားတစ်စီးက အသာလေး
ကျော်တက်သွားပြီဆိုရင် အဲဒီ ကားဟာ အနည်းဆုံးကီလို ၁၃ဝ၊ ၁၄ဝ မောင်းနေပြီဆိုတာ သိသာ ပါတယ်။ဒီကားကိုပဲ နောက်ထပ် ကားတစ်စီးက ထပ်ကျော်သွား ပြီဆိုရင်တော့ ကျော်တဲ့ကားရဲ့ အမြန်နှုန်းက ဆိုဖွယ်ရာ မရှိ တော့ဘူးပေါ့။ တစ်စုံတစ်ခုသာ ရုတ်တရက်တွေ့လိုက်မယ် ဆိုရင် သူအရှိန်မထိန်းနိုင်တော့ ဘူး။ ဘရိတ်အုပ်ဖို့လည်း မမီ တော့ဘူး။

ယာဉ်ထိခိုက်မှုဖြစ် ကိုဖြစ်တော့မှာပဲ။ လက်ရှိ အမြန်လမ်းဟာ လိုအပ်တဲ့ Road funiture တွေအကုန် မဖြည့်ဆည်းနိုင်သေးသလို safety Measure တွေ အပြည့်အစုံ မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ကီလိုမီတာ ၁ဝဝထက် ပို မမောင်းပါနဲ့၊ ခါးပတ်ပတ်ပါ။ ဒါဆိုရင် ယာဉ်အန္တရာယ် တော် တော်ကင်းသွားပါ လိမ့်မယ်"ဟု လမ်းမကြီးပေါ်မှာ ယာဉ် အန္တရာယ် ဖြစ်ပွားရခြင်းအကြောင်းကို ရှင်းပြခဲ့သည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး၏ ဂိတ်များတွင် နေ့စဉ်ဖြတ် သန်းသွားလာသည့် ယာဉ်အရေအတွက် မှတ်တမ်း အရ ပျမ်းမျှမော်တော်ယာဉ် စီးရေ ၁ဝဝဝဝခန့်၌ ယာဉ် အန္တရာယ်
ဖြစ်ပေါ်မှုမှာ တစ်စီး၊ နှစ်စီးခန့်တွေ့ရှိရ၍ ရာခိုင်နှုန်း အားဖြင့် ဝ ဒသမ ဝ၁ ရာခိုင်နှုန်း နှင့် ဝ ဒသမ ဝ၂ ရာခိုင်နှုန်း ခန့်ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ သည့် လမ်းစုစုပေါင်းနှင့် အမြန်လမ်းမကြီးပေါ်ဖြစ်ပွား ခဲ့သော ယာဉ်မတော်တဆမှု များကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံးမှုနှုန်းကို နှိုင်းယှဉ်ကြည့် လျှင်၂ဝ၁၁ခုနှစ်တွင် အခြားလမ်း များ၌ သေဆုံးသူပေါင်း ၂၈၁၁ ယောက်၊ အမြန်လမ်းတွင် ၄၇ ယောက် သေဆုံးခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ လမ်း များ၌ ၃၃၂၆၊ အမြန်လမ်းတွင် ၃၈ ယောက်သေဆုံးခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂ဝ၁၁ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း ခန့်ရှိပြီး ၂ဝ၁၂ခုနှစ်တွင် ၃ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂ဝဝ၉ခုနှစ်၊မတ်လမှ ၂ဝ၁၃ ခုနှစ် ဧပြီလအထိ အမြန်လမ်းပေါ် တွင် ယာဉ်စီးရေစုစုပေါင်း ၇၁ဝ၅၇၁၁ စီး ဖြတ်သန်းသွား လာခဲ့ပြီး ယာဉ်မတော်တဆမှု ပေါင်း ၄၃၂မှု၊သေဆုံးသူ ၂၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၆၇၈ဦး ရှိခဲ့သည်။ ထိုအမှုများကို ခွဲခြားကြည့်လျှင် ယာဉ်မောင်း ၏ပေါ့ဆမှု ၃ဝ၅မှု၊ယာဉ်ချွတ် ယွင်း မှု ၁၁ဝမှု၊ ခရီးသည်၏ ပေါ့ဆမှု ၂မှုနှင့် အခြားကိစ္စ ရပ်များကြောင့်ဖြစ်ပွားသော အမှု ၁၁ မှုတို့ဖြစ်သည်။

ထွဋ်မြတ်

(လမ်းပန်းဆက်သွယ်ရေးနှင့် အန္တရာယ်ကင်းစင်ရေးအထူးပြုအချပ်ပိုမှ)

Popular Journal