Home » » ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

Written By Unknown on Sunday, July 21, 2013 | 4:36 PM

၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်- ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော ၈င/---- တိုယိုတာ လိုက်ထရပ်အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက် သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲ ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား (၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ် ဆေးရုံတွင် ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းအား လှည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-(က)/၃၃၈/၃၃၇/၂၀၂ ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police