Home » » စည်ပင်သာယာ ဥပဒေ၏ အထက်၌ "လွင်" ဆိုင်တည်ရှိနေ

စည်ပင်သာယာ ဥပဒေ၏ အထက်၌ "လွင်" ဆိုင်တည်ရှိနေ

Written By Unknown on Sunday, July 21, 2013 | 4:48 PM

မုံရွာ၊ ဇူလိုင် ၂၁

မုံရွာမြို့ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ကျောက္ကာလမ်းထိပ် အနီးတွင် ယနေ့ဖွင့်လှစ်သော လွင် လျှပ်စစ် ပစ္စည်းဆိုင်ကြီးသည် အဆောက်အဦး တည်ဆောက်ထားရှိမှု အခြေအနေမှာ စည်ပင်သာယာဌာနပိုင် နယ်နိမိတ် ဧရိယာအတွင်းသို့ ထင်ရှားစွာကျရောက်နေသော်လည်း သက်ဆိုင်ရာမှ တာမြစ်ကန့်သတ်ခြင်း တစ်စုံတစ်ရာ လုံဝမရှိခဲ့သည့်အတွက် စည်ပင်သာယာ ဥပဒေ၏ အထက်တွင် လွင်လျှပ်စစ်ပစ္စည်းဆိုင်တည်ရှိနေကြောင်း ဒေသခံပြည်သူများက ပြောဆိုလျက်ရှိနေ ကြပါတယ်။

အဆိုပါ ဆိုင်ဖွင့်ပွဲကိုတက်လာတဲ့ ဧည့်သည်တစ်ဦးကလည်း “ ပလက်ဖောင်းပေါ်မှာ ကားတက်ခုံကြီးလုပ်ထားတာ စည်ပင်ဥပဒေအရ တားမြစ်သင့်တဲ့ကိစ္စရပ်ပါပဲ။ ပြီးတော့ အဆောက်အဦးက စည်ပင်ဧရိယာအထဲကို သုံးပေကျော်၊လေးပေ လောက်ရောက်နေပါတယ်။ ညဈေးတန်းက ဈေးသည်တွေကျတော့ အချိန်စောလို့ဖမ်းတယ်။ ဒါကျတော့အရေးမယူဘူးဆိုရင် လွင်ဆိုင်က စည်ပင်သာယာရဲ့ ဥပဒေအထက်မှာရှိနေလို့ပါပဲ..” ဆိုပြီး ပြောပြသွားတာရှိပါတယ်။

ရုံးကြီးရပ်ကွက်၊ ကန္နားလမ်းနှင့် ရှမ်းတောလမ်းဆုံမှာ/ရှိနေတဲ့ နန်ချွန် အပေါင်ဆိုင်ဟာလည်း လမ်းဧရိယာပေါ်မှာရောက် နေပါတယ်၊ နောက်ပြီး ရုံကြီးရပ်ကွက် နာရီစင်အနီးက ယူနီကာ ခေတ်မီ ကော်ဖီဆိုင်ဟာလည်း ယာဉ်ရပ်နားတဲ့နေရာက စည်ပင်လမ်းဧရိယာအပေါ်ကိုရောက်နေပါတယ်။ အခုလည်း လွင်ဆိုင်ရဲ့ ကားတက်ခုံကြီးဟာ လမ်းမကြီးပေါ်မှာ ရုပ်ဆိုးလွန်း လှပါတယ်။

မြန်မာမဟုတ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာစည်ပင်သာယာရဲ့ ဥပဒေကိုလိုက်နာခြင်းမရှိသည့်အတွက် ဒေသခံ မြန်မာအများစုက စိတ်ပျက်ဖွယ်ရာ ဖြစ်နေရပါတယ်။ သက်ဆိုင်ရာ အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက် နိုင်ရန်ပါရန် ထောက်ပြထိန်းကြောင်းလိုက်ရပါတယ်..။
ပြည်သူတစ်ဦး၏ သတင်းပေးပို့ခချက်အရ ပြန်လည်တင်ပြပေးလိုက်ရခြင်းဖြစ်ပါသည်။

Monywa Times