Home » » သံဖြူဇရပ်မြို့ နယ်မှာ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ

သံဖြူဇရပ်မြို့ နယ်မှာ စိတ်ကြွ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိ

Written By Unknown on Tuesday, July 2, 2013 | 9:52 PM

၂၇.၆၂၀၁၃ နံနက် ၁၀၃၅ အချိန်တွင် မွန်ပြည်နယ်  သံဖြူဇရပ်မြို့   အောင်ကုသိုလ်ရပ်ကွက် မှာ မူးဃစ်ဆေးဝါ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့ မ ရဲစခန်းမှ တာဝန် ရှိသူတွေ ပြောကြားချက် အရ သိရပါတယ်။

သံဖြူဇရပ် ခေတ္တမြို့ နယ်မှူး ဒုရဲမှူး ဦးကိုကိုဦး ၊ စခန်းမှူး ဒုရဲမှူးဦးစိုးအောင် နှင့် နယ်ထိန် တပ်ဝင်များက သတင်းအရ အောင်ကုသိုလ်(၆)လမ်းတွင် နေထိုင်သူ မင်းစိုးအောင်(ခေါ်)ငအောင်ဧ။်အိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်း အတွင်းမှ wy စားတန်းပါ(၈)ပြား ရောင်ချငွေ(၅၀၀၀၀)ကျပ်နှင်.အတူ ဆေးဝါး သုံးစွဲရာတွင် အသုံပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပါတယ်။

မင်းစိုးအောင်ကို ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ ဇွန်လ ၂၉ရက်နေ့ မှာ ရေးမြို.နဃ် လမိုင်းမြို့ နဃ်ခွဲပိုင် ကနိမ်ကမော့ ကျေးရွာမှာ နေထိုင်သူ ကျော်အေး(ခေါ်)ပန်းနွဃ်၏ နေအိမ်အား ၀င်ေ၇ာက် စီးနင်းရှာဖွေရာ ကျော်အေးအား ဖမ်းဆီးရမိပြီး ၊ ၄င်းနေအိမ် အတွင်းမှ Inline image 1 wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း(၁၈၈၉)ပြားနှင့် ရောင်းချငွေ (၈၀၆၅၅၅)ကျပ်အား သိမ်းဆည်းရမိခဲ့ ကြောင်း သိရပါတယ်။

၂၇.၆.၂၀၁၃ ရက်နေ့  နေလည် ၁၄၀၀ အချိန်တွင်လည်း သံဖြူဇရပ်မြို့ မရဲစခန်းမှ  သံဖြူဇရပ်မြို့ နဃ် ပိန္တွဲတော ကျေးရွာနေ ဒေါ်အပု အသက်(၃၉)နှစ် အဘဦးထွန်းစိန်အောင် နေအိမ်အား ဆက်လက်ရှာဖွေရာ အမျိုးသမီး ရဲမေဒေါ်အိအိစိုးမှ တရာခံဒေါ်ပု ၏ မိန်းမ ကိုဃ်အင်္ဂါအတွင်းမှ ပလပ်စတစ်အကြည်အိတ်ဖြင့် ထုပ်ပိုးဝှက်ထားသော wy စာတမ်းပါ ပန်းရောင်ရူးသွပ်ဆေးပြား(၃၁)ပြားနှင့်  ရောင်းချငွေ(၃၂၆၀၀၀)ကျပ်အား သိမ်ဆည်းရမိခဲ့ပါတယ်။

အဆိုပါ တရားခံအားလုံးကို မူးယစ်/စိတ်ပြောင်း ဥပဒေ ပုဒ်မများနှင့် အရေးယူထားကြောင်း သံဖြူဇရပ် မြို့ မ ရဲစခန်းမှ တာဝန်ရှိသူတွေ ပြောပြချက်အရ သိရပါတယ်။

သစ်ထူးလွင်