Home » » သံဃာတော်များကို ဗလီတွင် ဆွမ်းကပ်ရန် စီစဉ်

သံဃာတော်များကို ဗလီတွင် ဆွမ်းကပ်ရန် စီစဉ်

Written By Unknown on Wednesday, July 3, 2013 | 4:26 PM

ရန်ကုန်  -  ဇူလိုင်  ၂  ။     ။ မြောက်ဥက္ကလာပမြို့နယ်ရှိ အစ္စလာမ် ဘာသာရေးအဆောက်အအုံတစ် ခုတွင် ဘာသာပေါင်းစုံညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးအတွက် သံဃာတော် ၁၁ပါးကို ပထမဆုံးအ ဖြစ် ဇူလိုင် ၃ရက်တွင် ဆွမ်းကပ် မည်ဖြစ်ကြောင်း သိရသည်။ မြောက်ဥက္ကလာပမြို့နယ် ၁ရပ်ကွက် ဘုန်းကြီးလမ်းပေါ်ရှိ အစ္စလာမ်ဘာသာရေးအဆောက် အအုံတွင် ဇွန်၃ရက် နံနက်၁ဝနာ ရီတွင် ယင်းမြို့နယ်အတွင်းရှိ ကျောင်း တိုက်များမှ သံဃာတော်၁၁ပါးကို ဆွမ်းကပ် သွားမည်ဖြစ်ကြောင်း ယင်းပွဲကိုစီစဉ်သည့် မြို့နယ်ဘာ သာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးမှအဖွဲ့မှ ဦးသန်းအောင် ထံမှ သိရသည်။ ယင်းက ''မနက်ဖြန်မှာ (ဇူ လိုင်၃ရက်) ဗလီထဲမှာ သံဃာတော် ၁၁ပါးကို ဆွမ်းကပ် ကျွေးခြင်း ပြု လုပ်မယ်ဆိုတာဟုတ်ပါတယ်''ဟု  ပြောသည်။

အဆိုပါဆွမ်းကပ်ပွဲတွင် မြောက်ဥက္ကလာပမြို့နယ်ရှိ မာန် အောင်ရန်အောင်ကျောင်းတိုက်၊ ပြည့်စုံအေးကျောင်းတိုက်၊ ရေလယ် ကျောင်းတိုက်နှင့် စိန်ပန်းကျောင်း တိုက်များမှ သံဃာတော်များဖြစ် ပြီး ဘာသာပေါင်းစုံညီညွတ်ရေး နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် နိုင်ရေးများကို နိုင်ငံအနှံ့ ဖြစ်ပေါ် လာစေရန် ယခုကဲ့သို့ စီစဉ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးသန်းအောင်က ''ယခင်က ဒီလိုမျိုး ဘာသာရေး အဆောက် အအုံထဲမှာ ဆွမ်းကျွေး တာမျိုး မြောက်ဥက္ကလာပမြို့နယ် မှာ မရှိခဲ့ဘူး။ ရန်ကုန်မှာလဲ ဗလီ ထဲမှာ ဆွမ်းကပ်တာက ဒါပထမ ဆုံးဖြစ်မယ်ထင်ပါတယ်။ ရွှေသန် လျင်ဆရာတော်ကတော့ ဗလီ ထဲမှာ တရားဟောခဲ့တာရှိတယ်'' ဟု ပြောသည်။

ယခုစီစဉ်သည့်ငြိမ်းချမ်း ရေးရှေးရှုဆွမ်းကပ်ပွဲကို မြောက် ဥက္ကလာပမြို့နယ်အတွင်းမှ ဆရာ တော်ကြီးများ ကိုယ်တိုင်တက် ရောက်မည်ဖြစ်ပြီး ဘာသာပေါင်း စုံညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာယှဉ် တွဲနေ ထိုင်နိုင်ရေးအတွက် ယခုကဲ့ သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာယှဉ် တွဲနေထိုင်ရေးအတွက် ယခုကဲ့ သို့ ဘာသာကြီးလေးခုမှ နာယက ဆရာတော်ကြီးများ ပါဝင်သည့် မြို့နယ်အဆင့် အတူယှဉ်တွဲထိုင် ရေးဟောပြောပွဲများကို ဘာသာ ကြီးလေးခုစလုံးမှာရှိသည့်  ဘာ သာရေးအဆောက်အအုံများတွင် လည်း ပြုလုပ်သွားရန် စီစဉ်ထား ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဖိတ်ကြားခံထားရသည့် ပြည့်စုံအေး ကျောင်းတိုက်မှ ဆရာတော်တစ် ပါးက ''မှန်ပါတယ်။ မနက်ဖြန် ၉နာရီလောက်ကြွဖြစ်မှာပါ။ ဆရာ တော်ကြီးကတော့ စင်ကာပူရောက် နေပါတယ်။ လာပင့်တဲ့သူတွေကို မေးကြည့် တော့ ဘာသာပေါင်းစုံ ညီညွတ်ရေးအတွက် ဆွမ်းကပ် ချင်တဲ့အကြောင်း၊ တခြားမည် သည့်အကြောင်းအရာမရှိဘူးလို့ ပြောပါတယ်။ အဲဒါကြောင့် ဆွမ်း  ကပ်ရုံသက်သက်မို့ တာဝန်ရှိတဲ့ သံဃာတော်တစ်ပါး ကြွမှာဖြစ် ပါတယ်'' ဟု မိန့်ကြားသည်။

ကျော်ဇေယျ

Yangon Media Group