Home » » စိတ်ကျန်းမာရေး လူနာစွန့်ပစ်မှု ၄၀၀ ကျော်အထိ တိုးပွားလာနေ

စိတ်ကျန်းမာရေး လူနာစွန့်ပစ်မှု ၄၀၀ ကျော်အထိ တိုးပွားလာနေ

Written By Unknown on Wednesday, July 3, 2013 | 4:22 PM

ရန်ကုန် - ဇူလိုင်- ၂ ။       ။ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ယခုနှစ် မတ်လအထိ စွန့်ပစ်လူ နာ ၄၀၉ဦးအထိတိုးပွားလာ ကြောင်း အဆိုပါဆေးရုံအုပ်ကြီး က ပြောကြားခဲ့သည်။ စိတ်ကျန်းမာရေးကြောင့် ဆေးရုံတွင် လာရောက် ကုသမှုခံယူသူလူနာများကို ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသော် လည်း မိသားစုဝင်များက ပြန်လည်ခေါ် ယူခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လစဉ်တိုးပွားလာခြင်းဖြစ်ကြောင်း စိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်စိုးက ပြော သည်။ ဆေးရုံအုပ်ကြီးဒေါက်တာ ဦးကျော်စိုးက ''လူနာတွေ ပြန် ကောင်းလာပေမယ့် မိသားစုဝင် တွေက အဆက်အသွယ်မလုပ်ကြ တော့ စွန့်ပစ်လူနာတွေများလာပြီး ကြာရင် စိတ်ကျန်းမာရေး ဆေးရုံ မဟုတ်ဘဲ လူနာပြုစုဆေးရုံဖြစ် သွားနိုင်တယ်''ဟုပြောသည်။

လက်ရှိနိုင်ငံတော်မှ စိတ် ကျန်းမာရေး ဆေးရုံကြီးအား ကု တင် ၁၂ဝဝဆံ့ ဆေးရုံကြီးအဖြစ် ခွင့်ပြုထားသော်လည်း အသုံးပြု နိုင်သည့်ကုတင်မှာ ရဝဝသာရှိပြီး လက်ရှိဆေးရုံတွင် လူနာ၁၁၀၉ ဦးရှိကြောင်း ယင်းကဆက်လက် ပြောသည်။ ဦးကျော်စိုးက ''လူနာတွေ များလာလို့ ကျွေးမွေးစရိတ်ကို အ လှူရှင်တွေနဲ့ လတ်တလောဖြေ ရှင်းလို့ရပေမယ့် စွန့်ပစ်လူနာတွေ များလာရင် နေစရာအခက်အခဲ ဖြစ်လာနိုင်တယ်''ဟု ပြောသည်။ လက်ရှိရွာသာ ကြီးစိတ်ကျန်း မာရေးဆေးရုံတွင် အချိုးကျဆရာ ဝန် ၃၃ဦးရှိရမည်ဖြစ်သော်လည်း ဆေးရုံအုပ်ကြီးအပါအဝင် ၁၆ဦး နှင့် သူနာပြုဆရာမ ၇၈ဦးရှိပြီး လူနာကျွေးမွေးစရိတ် တစ်ရက် လျှင် ခြောက်သိန်းကုန်ကျလျက် ရှိပြီး ယင်းတို့ကိုဖြည့် ဆည်းပေး ရန် နိုင်ငံတော်ထံ တောင်းခံထား ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးတက္ကသိုလ် များမှ နှစ်စဉ် ဆရာဝန်အမြောက် အများ မွေးထုတ်ပေးနေသော် လည်း စိတ်ကျန်းမာရေးအထူးကု ဘာသာရပ်ယူထားသော ဆရာ ဝန်နည်းပါးခြင်းကြောင့်ဖြစ်သည် ဟု ယင်းကဆက်လက်ပြောသည်။
ဆေးရုံအုပ်ကြီးဒေါက်တာ ဦးကျော်စိုးက ''နှစ်စဉ်ဆေးကျောင်း တွေက ဆရာဝန်တွေမွေးထုတ် ပေးနေပေမယ့် သင်ပေးနိုင်တဲ့စွမ်း ပကားလိုအပ်နေသေးတဲ့အတွက် စိတ်ကျန်းမာရေးဆရာဝန်တွေ တိုင်းပြည်မှာ လိုအပ်မှုရှိနေ တာ''ဟုပြောသည်။ ၂၀၀၄ခုနှစ် ကမ္ဘာ့စစ်တမ်း များအရ အမေရိကတွင် လူလေးဦး ၌ တစ်ဦး စိတ်ကျန်းမာရေးဖြစ်ပေါ် နိုင်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ ၁ဝဝဝ၌ လူငါးဦး စိတ်ကျန်းမာ ရေးဖြစ်နိုင်ကာ လူဦးရေသန်း၆၀ တွင် လူဦးရေ သုံးသိန်း ထိ စိတ် ကျန်းမာရေးဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကု တင် ၂ဝဝဆံ့သော မန္တလေးစိတ် ကျန်းမာရေး ဆေးရုံကြီးနှင့် ရန်ကုန် တွင်ကုတင် ၁၂ဝဝဆံ့သော ရွာ သာကြီး စိတ်ကျန်းမာရေးဆေးရုံ နှစ်ခုသာ ရှိကြောင်း သိရသည်။

ဖြိုးလွင်အောင်

Yangon Media Group