Home » » သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

Written By Unknown on Saturday, July 27, 2013 | 7:09 AM

ရန်ကုန်၊ ဇူလိုင် ၂၆

၂၅.၇.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် မမေသက်ဖြူ၊ (ဘ)ဦးသက်ဦး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူသည် ခင်ပွန်းဖြစ်သူ ချစ်ဝင်းလှိုင်၊ (ဘ)ဦးဌေးဝေနှင့် စကားများပြီး ဆရာတင်လမ်းရှိ အဒေါ်ဖြစ်သူ၏ နေအိမ်သို့ သွားရောက် နေထိုင်ခဲ့ပါသည်။

၂၄၀၀ အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူချစ်ဝင်းလှိုင်နှင့် မောင်ဖြစ်သူ အောင်ပိုင်ဖြိုးတို့မှ နေအိမ်သို့ပြန်ရန် လာရောက်ခေါ်သဖြင့် လိုက်ပါ လာခဲ့ရာဗိုလ်စင်္ကြာလမ်း၏အလယ်ခန့်အရောက်တွင်ခင်ပွန်းဖြစ်သူနှင့်
မောင်ဖြစ်သူတို့ စကားများရန်ဖြစ်ကြစဉ် ခင်ပွန်းဖြစ်သူ၏ညီတော်သူ သက်မင်းပိုင်၊ (ဘ)ဦးဌေးဝေမှာ ထပ်မံရောက်ရှိလာပြီး (၃)ဦးလုံးထွေး သတ်ပုတ်ခိုက်ရန်ဖြစ်ပွားခဲ့ကြပါသည်။

ထိုသို့ခိုက်ရန်ဖြစ်ပွားနေစဉ် မမေသက်ဖြူမှ နေအိမ်သို့ပြန်၍ အ၀တ် အစားများယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာသို့ပြန်လာစဉ် ဆရာတင် လမ်းထိပ်အရောက် ခင်ပွန်းဖြစ်သူ ချစ်ဝင်းလှိုင်နှင့် သက်မင်းပိုင်တို့ (၂)ဦးမှာ ထွက်ပြေးသွားကြသဖြင့် မောင်ဖြစ်သူ အောင်ပိုင်ဖြိုးအား ကြည့်ရှု့ရာ မျက်နှာပြတ်ရှဒဏ်ရာ၊၀ဲဘက်နံကြားထိုးသွင်းဒဏ်ရာတို့ ရရှိနေသည်ကိုတွေ့ရှိရသဖြင့် လှိုင်သာယာဆေးရုံသို့ပို့အပ်စဉ် သေဆုံး သွားခဲ့၍ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် သောင်ကြီးနယ်မြေရဲစခန်း (ပ)၄၂၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံများ အား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေ ဆောင်ရွက်ခဲ့ရာ ဆရာစံလမ်း၌ ၂၆.၇.၂၀၁၃ နေ့ ၀၄၃၀ အချိန်ခန့်တွင် ချစ်ဝင်းလှိုင်အား လည်းကောင်း၊ ၀၄၄၅ အချိန်ခန့်တွင် သက်မင်းပိုင်အားလည်းကောင်း အသီးသီးဖမ်းဆီး ရမိခဲ့ပါသည်။

Yangon Police