Home » » ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ

ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ

Written By Unknown on Saturday, July 27, 2013 | 7:14 AM

ရန်ကုန်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ ဦးဝင်းနိုင်၏လက်ကိုင်ဖုန်း သို့ ရန်ကုန်မှ ဖုန်းအမှတ် ၀၉၄၃၁၄၄၉၈၇ ဖြင့်ဆက်သွယ်ပြီး တယ်လီဖုန်းဆင်းကတ်မှ ကံစမ်းမဲပေါက်ကြောင်းပြောဆို ကာငွေကျပ် ၁၃၃၀၀၀၀အား ရန်ကုန်တိုင်း ဒေသကြီး၊ သုဝဏ္ဏကမ္ဘောဇဘဏ်ခွဲသို့ အောင်ကျော်စိုး၊၁၄/ဘကလ(နိုင်)
၃၁၇၇၆၉ အမည်ဖြင့်လွှဲခိုင်းခဲ့ပြီး လိမ်လည်ရယူခဲ့သဖြင့် ထားဝယ်ရဲစခန်း (ပ)၂၂၉/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ထားရှိခဲ့ပါသည်။

အမှုမှတရားခံများအား စုံစမ်းဖမ်းဆီးရမိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် စုံစမ်းဆောင်ရွက်ခဲ့ရာ အချင်း ဖြစ်စဉ်ကအသုံးပြုခဲ့ သည့် ၀၉၄၃၁၄၄၉၈၇ ဖုန်းအားကိုင်ဆောင်သူ ခိုင်ထူး၊ (ဘ)ဦးအုန်းကျော်၊
(၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား၂၀.၇.၂၀၁၃ရက်နေ့တွင် နေအိမ်၌ သက်သေခံလက်ကိုင်ဖုန်းနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှု ကျူးလွန် စဉ်၎င်းနှင့်အတူ ဘဲဂေါင်း(ခ) တင်ဇော်ထွေး(ခ)ကိုလင်း၊ (ဘ)ဦးထွန်းသိန်း၊ ရှုခင်းသာအိမ်ရာ သာကေတမြို့နယ်နေသူ ပါဝင်ကြောင်း သိရှိရသဖြင့်
၂၁.၇.၂၀၁၃ရက်နေ့တွင် သာကေတမြို့နယ်၊ (၆)အနောက်ရပ်ကွက်၊ ဝေဇန္တာလမ်းနှင့် (၇)ဈေးလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဘဲဂေါင်းအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတရားခံ (၂)ဦးအားထားဝယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များထံသို့၂၅.၇.၂၀၁၃ ရက်နေ့ တွင်လွဲပြောင်း ပေးအပ်ခဲ့ပါသည်။

Yangon Police