Home » » အင်းလျားကန်ပေါင်ပေါ်၌ ရိုက်နှက်လုယက်မှုဖြစ်ပွား

အင်းလျားကန်ပေါင်ပေါ်၌ ရိုက်နှက်လုယက်မှုဖြစ်ပွား

Written By Unknown on Wednesday, July 17, 2013 | 4:42 PM

ကမာရွတ်   ဇူလိုင်   ၁၆

ရန်ကုန်တိုင်းဒေသကြီး  ကမာရွတ်မြို့နယ်တွင်  အင်းလျားကန်ပေါင်မှ ပြန်လာသူတစ်ဦးကို ရိုက်နှက်လုယက်မှုတစ်ခု ဇူလိုင် ၁၆ ရက်  နံနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် မြသီတာလမ်း အမှတ် (၁၁)တွင် နေထိုင်သော မောင်ဝေဖြိုးသူသည် အင်းလျားကန်ပေါင်မှ နေအိမ် သို့ လမ်းလျှောက်ပြန်လာစဉ် အမှတ်(၂၂)ရပ်ကွက် စံရိပ်ငြိမ်(၅)လမ်း အရောက် တွင် အမည်မသိသူလေးဦးမှ ရိုက်နှက်ပြီး လုယက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်မှုကြောင့်HP အမျိုးအစားအနက်ရောင်Laptop Computer တစ်လုံး၊ ငွေကျပ် ၆ဝဝဝ၊ ခေါက်ပိုက်ဆံအိတ်တစ်လုံး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်ခု၊ ၂ဝဝ၉-၂ဝ၁ဝတက္ကသိုလ်ဝင် တန်းအောင် လက်မှတ် တစ်စောင်၊B.Sc(Phy) ဘွဲ့လက်မှတ်တစ်စောင်၊ နိုင်ငံကူးလက်မှတ်နှင့် မိသားစုသန်း ခေါင်စာရင်း စသော စာရွက်စာတမ်းများ အပါအဝင် ကာလတန်ဖိုး ငွေကျပ်  ၁၇၆ဝဝဝ ခန့် ပါရှိသွားကြောင်း သိရသည်။ ရိုက်နှက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အမှုနှင့်ပတ်သက်၍ ကမာရွက်မြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။  

မြန်မာ့အလင်း