Home » » နောင်ကော်ကြီးရေကန်အတွင်း အမည်မသိအလောင်းသုံးလောင်းတွေ့ရှိ

နောင်ကော်ကြီးရေကန်အတွင်း အမည်မသိအလောင်းသုံးလောင်းတွေ့ရှိ

Written By Unknown on Wednesday, July 17, 2013 | 4:44 PM

သီပေါ    ဇူလိုင်    ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်နယ်မြေရဲစခန်း အပိုင် နမ့်ရမ်းကျေးရွာအုပ်စု နောင်ကော်ကြီးရေကန်တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီခန့်က နောင်ကော်ကြီးရွာသားဦးလုံးပန်ဆိုသူက ငါးမျှားနေစဉ် မိမိနှင့် မနီးမဝေးတွင်  မည်းမည်းအရာတစ်ခု  မျောလာသည်ကို တွေ့ရှိ၍ သေချာ စွာကြည့်ရှုရာ လူသေအလောင်းများ ဖြစ်နေ၍ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားခဲ့သည်။

ထို့ကြောင့် နမ့်လန်ရဲတပ်ဖွဲ့စခန်းမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် နယ်မြေမှူးများ၊ သက်သေများရှေ့မှောက်တွင် လူသေအလောင်း  သုံးလောင်းအား စစ်ဆေးကြည့်ရှုရာ အသက် (၃၅ နှစ်)ခန့်ရှိ ရှမ်းတိုင်းရင်း သားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပြင် အမျိုးသား ရင်ခွင် အတွင်း ကျောပိုးဝတ်ဖြင့် ပိုက်လျက် နှစ်နှစ်ခန့်အရွယ်မိန်းကလေးတစ်ဦးတို့ ပလတ်စတစ်ကြိုးဖြင့် သုံးဦးစလုံး၏ခန္ဓာကိုယ်အား မျက်နှာချင်းဆိုင်ရစ်ပတ် လျက်အနေအထားဖြင့် ရေနစ်သေဆုံးနေကြောင်း တွေ့ရသည်။

ရေနစ်သေဆုံးသည့်နေရာအနီး လက်ဆွဲခြင်းထဲတွင် ဓာတ်မီး၊ ကျား/ မဝတ်လုံချည်၊ ကလေးဘောင်းဘီ၊ ဦးထုပ်၊ ဖိနပ်၊ ခမောက်နှစ်လုံးတို့အပြင်ြ<ွကပ်ြ<ွကပ်အိတ်ဖြင့်ထုပ်လျက် စာရွက်တစ်ရွက်ကိုတွေ့ရ၍ ကြည့်ရှုစစ်ဆေး ရာ ၄င်းစာထဲတွင်''သည်စာတွေ့ရှိသူနမ့်လန်၊ ကောင်းခမ်းထံသတင်းပို့ပေးပါ။ ဘယ်သူ့အမှားမှ မထင်တော့ဘူး။ ဘယ်သူ့ကိုမှလည်း မစွပ်စွဲပါဘူး။ကျွန်တော်တို့ အကြောင်းတွေက အခက်အခဲကြီးတွေရှိလို့ ယခုလို ဖြစ်ခဲ့ရခြင်းပါ။ ဘယ်သူပဲ လာမြင်တွေ့တွေ့ ကောင်းခမ်းထံကို သတင်းပေးပို့ပေးပါ။ ကျွန်တော်တို့ မိသားစု သုံးယောက်တော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး။ ကျွန်တော်တို့မှာ အကြောင်းပါခဲ့လို့ပါ။ ဒါပါပဲ၊ လူ့ဘဝနောက်ပိုင်းကို ဘယ်သူမှမသိ မမြင်နိုင် ပါဘူး'' စသည်ဖြင့် ရေးသားထားသည်။

သို့ဖြစ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် နမ့်လန်ရဲစခန်းက သေမှုသေခင်းအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်း(သီပေါ) 

မြန်မာ့အလင်း