Home » » မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်ထားနိုင်တော့မည်

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်ထားနိုင်တော့မည်

Written By Unknown on Thursday, July 18, 2013 | 7:32 PM

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူများ အနေဖြင့် သြဂုတ်လ(၁) ရက်နေ့ကစ၍ မက်ဆေ့ခ်ျနံပါတ်(၁၃၃)က တစ်ဆင့် မိုဘိုင်းအင်တာနက် လျှောက်ထားနိုင်ပြီဟု မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရသည်။

ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ်တစ်သောင်း ကျသင့်မည်ဖြစ်ပြီး မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားရန်အတွက် ဖုန်းထဲ၌ ကြိုတင်ငွေ ကျပ်တစ်သောင်းရှိရန်လိုသည် ဟုဆိုသည်။ လျှောက်ထားသူများ အနေဖြင့် မက်ဆေ့ခ်ျနံပါတ်(၁၃၃) ကို ရိုက်နှိပ်ပြီး လျှောက်ထား ရမည်ဖြစ်သည်။

စက္ကန့်အနည်းငယ်အတွင်း အင်တာနက် လျှောက်ထားမှု အတွက် လက်ခံရရှိကြောင်းကို စာတိုမက်ဆေ့ခ်ျအနေဖြင့် “You have order data servicesuccessfully” ဆို၍ မက်ဆေ့ခ်ျပြန်ပို့ ပေးလာခဲ့လျှင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီ ဖြစ်ကြောင်း သိရသည်။

မက်ဆေ့ခ်ျရောက်သည်နှင့် တစ်ပြိုင်နက်ဖုန်းတွင် အင်တာနက် အလိုအလျောက် အသုံးပြုနိုင်ပြီဖြစ်ပြီး အင်တာနက် အသုံးပြုခ အတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို  နှစ်ကျပ်ကျသင့်မည် ဖြစ်ကာ စီဒီအမ်အေနှင့် သရီးဂျီဖုန်းအတွက် တစ်မိနစ်ကို လေးကျပ်ကျသင့် မည်ဖြစ်သည်။

မိုဘိုင်းကတစ်ဆင့် မက်ဆေ့ခ်ျပို့ပြီး အင်တာနက်လျှောက်ထား ခွင့်သည် စီဒီအမ်အေ(၈၀၀)မဂ္ဂါဟက်ဖုန်းများ မပါသေးကြောင်း မိုဘိုင်းဌာနက သိရပြီး ဂျီအက်စ်အမ်နှင့် ဒဗလျူစီဒီအမ်အေ ဖုန်းများကိုပဲ အရင်စလုပ်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser