Home » » ကျုံးဘေး လူငယ်သုံးဦး တိုက်ခိုက်ခံရ

ကျုံးဘေး လူငယ်သုံးဦး တိုက်ခိုက်ခံရ

Written By Unknown on Monday, July 1, 2013 | 7:12 PM

မန္တလေး-ဇွန်-၂၆

ကျုံးမြောက်ဘက် သုဓမ္မာဇရပ်တန်းအနီးမှာ လူငယ်သုံးဦး ၂၅ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံရပြီးနှစ်ဦးမှာ ဓားဒဏ်ရာကြောင့် ဆေးရုံတင်ထားရတယ်လို့ ကာယကံရှင်မိသားစု ထံက သိရပါတယ်။

၂၅ ရက်နေ့ ည၈း၃၀ အချိန်လောက်မှာ လူငယ်သုံးဦး ဆိုင်ကယ်စီးလာစဉ် ကပ်ပါလာတဲ့ ဆိုင်ကယ်သုံးစီးက ရှေ့ကနေ ဖြတ်ကာ တားဆီးခဲ့ပြီး ဓားနဲ့ခုတ်ခဲ့တယ်လို့ ဒဏ်ရာရသူတစ်ဦးရဲ့ ဦးလေးက ဆိုပါတယ်။

လူမှားမယ်လို့ ပြောပေမယ့် မရခဲ့။ တစ်ဦးက ဓားကိုင်ဆောင်ထားပြီး ကျန်နှစ်ဦးကတော့ တုတ်တွေကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကလစ်ဆိုင်ကယ်ကို စီးလာတဲ့ ဆိုင်ကယ်သုံးစီး မှာ လူကိုးယောက်ပါလာတယ်လို့လည်း သိရပါတယ်။

တိုက်ခိုက်ခံရသူတွေဟာ အကွက်အမှတ် ၄၁၇ မှာ နေထိုင်သူတွေဖြစ်ပြီး သုံးဦးအနက် တစ်ဦးကတော့ ခေါင်းမှာ ဓါးဒဏ်ရာ သုံးချက်။ လက်ကောက်ဝတ်၊ လက်ညှိုးပြတ်လုနီးပါးဒဏ်ရာရ၊
နောက်တစ် ယောက်ကတော့ ဦးခေါင်းဓါးဒဏ်ရာတစ်ချက်၊ လက်ဖျံတစ်ချက်နဲ့ ကျန်တစ်ဦးမှာ ကျော်ကို တုတ်နဲ့ အရိုက်ခံခဲ့ရတယ်လို့ ဦးလေးဖြစ်သူက ပြောပါတယ်။

“ကလေးတွေက ပြောတယ်။ သူတို့ကို တိုက်ခိုက်တဲ့သူတွေကို မမြင်ဘူးသလို ရန်ငြိုးရန်စလည်း မရှိဘူးလို့ ပြောတယ်”လို့ ဦးလေးဖြစ်သူက ပြောပါတယ်။

ကျုံးဘေးမှာ ဒီလို တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားခဲ့ဖူးတဲ့အတွက် စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။

Mandalay News