Home » » သာမန်အရပ်ထက် ၇ပေ၁၀လက်မ ရှိသော ကိုဝင်းဇော်ဦး စာနယ်ဇင်း ရှင်းလင်းပွဲ

သာမန်အရပ်ထက် ၇ပေ၁၀လက်မ ရှိသော ကိုဝင်းဇော်ဦး စာနယ်ဇင်း ရှင်းလင်းပွဲ

Written By Unknown on Monday, July 1, 2013 | 7:01 PM

ကိုဝင်းဇော်ဦးသည် ဤသို့ ထွားကြိုင်းနေသည်မှာ မျိုးရိုးဗီဇကြောင့် ဆိုသည်ထက် Acromegaly ဟု ခေါ်သည့် ခန္ဒာကိုယ်အစိတ်အပိုင်းများအလွန်ကြီးထွားလာမှုကြောင့် ထုံးပေါက်ကျိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါ်ဌေး၊ နတ်မောက်မြို့မှ အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ ဦးစိုးမင်း၊ ရပ်မိရပ်ဖများ၊ ဒေသခံအလှူရှင်များ၏တာဝန်ယူစီစဉ်ပေးမှုဖြင့် ရန်ကုန်မြို့သို့းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပေါ်ဌေးကိုယ်တိုင်လိုက်ပါစောင့်ရှောက်၍ 29-6-2013 ရက်ညနေတွင်ေ၇ာက်ရှိခဲ့ပြီး နိုဗယ်အသည်း၊သည်းခြေ၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆေးခန်းတွင် တက်ေ၇ာက်လျှက်ရှိပါသည်။

ကိုဝင်းဇော်ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအဝဝကို - အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း - ဦးနှောက်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးမြတ်သူ - ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာ ဦးကျော်မြင့် - အဏုဇီဝဗေဒဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းသန်းနှင့် အခြားအထူးကုဆရာဝန်ကြီးများ ဆေးကညာရှင်များက စောင့်ရှောက်ခဲ့ပါတယ်။ သရုပ်ဆောင်အဆိုတော် Smile မိသားစုကလည်း အလှူငွေကို လှူဒါန်းခဲ့ပါတယ်။

ကိုဝင်းဇော်ဦးနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူများ ကူညီထောက်ပံ့လိုသူများအနေဖြင့်

၁။ Novel Square အထူးကုဆေးခန်း၏ စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအရာရှိ ဒေါက်တာ မြတ်သူမင်း (ဖုန်း- 01 373 794-9)(09 500 7608)နှင့်

၂။ လမ်း ၃၀ ဆေးခန်းနှင့် အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှ တာဝန်ခံ မငြိမ်းငြိမ်း (ဖုန်း - 09 4930 8739)တို့ထံ ဆက်သွယ်မေးမြန်း၊ လှူဒါန်းနိုင်ပါသည်။

Popular Journal