Home » » ရေအောက် အင်တာနက်ဆက်ကြောင်းပြတ်တောက်၍ ကုန်းတွင်းဆက်ကြောင်းဖြင့်သာ သုံးစွဲနေရ

ရေအောက် အင်တာနက်ဆက်ကြောင်းပြတ်တောက်၍ ကုန်းတွင်းဆက်ကြောင်းဖြင့်သာ သုံးစွဲနေရ

Written By Unknown on Friday, July 26, 2013 | 6:43 AM

ပြည်တွင်း အင်တာနက်အသုံးပြုရန် သွယ်တန်းထားသော ရေအောက်အင်တာနက်ဆက်ကြောင်း Sea-Me-We 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွား၍ ပြည်တွင်းအင်တာနက်မှာ ကုန်းတွင်းနယ် စပ်ဖြတ်ကျော်ဆက်ကြောင်းကိုသာမှီခိုအသုံးပြုနေရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား ချက်အရ သိရသည်။
Sea-Me-We 3 ဆက်ကြောင်းမှာ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပြတ်တောက်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း (Cross Border) ဖြင့် သုံးဆွဲနေရသောကြောင့် ယခင်အသုံးပြုနေသည့် အင်တာနက်မြန်နှုန်း၏ ထက်ဝက်ဖြင့်သာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက် Bandwidth မှာ 14 GB အထိ ရှိပြီး SEA ME-WE 3 အင်တာနက် ဆက်ကြောင်း ပြင်ဆင်နေစဉ်အတွင်း အင်တာနက် Bandwidth မှာ 7GB အထိသာ အသုံးပြုနိုင်မည်ဟုလည်း ၎င်းကပြောသည်။
ရေအောက်ကေဘယ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် အချိန်တစ်လခန့်ကြာနိုင်မည်ဖြစ်ပြီး စကာင်္ပူ နိုင်ငံတွင်ရှိသော SEA-ME-WE 3 ဆက်ကြောင်း ပြုပြင်ရေးအဖွဲ့ကို ပြင်ဆင်ရန်ခေါ်ထားသည်ဟုလည်း အင်ဂျင်နီယာချုပ်က ဆိုသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်တယ်ဆိုတာကိုပဲ သိပါသေးတယ်။ ပြုပြင်ဖို့ အတွက်က Confirm လုပ်နေတုန်းပါ။ ဒါ ကြောင့် ခုပြုပြင်ဖို့ SEA- ME- WE 3 ကေဘယ်ပြုပြင်ရေးအဖွဲ့ကိုခေါ်ထားတာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်ရေး အသုံးပြုနိုင်ရန်အတွက် ရေအောက်ကေဘယ်ဆက် ကြောင်းဖြစ်သည့် SEA-ME-WE 3၊ ဂြိုဟ်တုဆက်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက် ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ရေအောက်ကေဘယ်ဆက်ကြောင်း SEA-ME-WE 3 ကို အဓိကထား သုံးစွဲရခြင်း ဖြစ်သည်။

ယင်းသို့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Alpha ကွန်ပျူတာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက “ရေအောက်ကေဘယ်ပြက်တောက်ပေမယ့် အင်တာနက်လိုင်းအကုန်လုံး သုံးမရတာမဟုတ်ဘဲ မြန်နှုန်းနှေးပေမယ့်သုံးလို့ရတော့ တော်သေးတယ်။ အခုက သုံးလို့ရတယ်ဆိုပေမယ့် အင်တာနက်ဆက်သွယ်ရေးလိုင်း လုံးဝသုံးလို့မရဘူးဆိုရင်တော့ စီးပွား ရေးလုပ်ငန်းတွေလည်း အခက်တွေ့ကုန်မှာလေ။ ဘာပဲဖြစ်ဖြစ် နောင်ဆို ခဏခဏ ဒီလိုအင်တာနက် ဆက်ကြောင်းမပြတ်တောက်ဖို့တော့ ပြုပြင်ထိန်းသိမ်းဖို့သင့်တယ်”ဟု သုံးသပ်ပြောကြားသည်။

အင်တာနက်ဆက်ကြောင်း ပြတ်တောက်သည့်နေရာကို မြန်မာပြည်တွင်းလမ်းကြောင်း တစ်လျှောက် ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချွတ်ယွင်းမှု သည် ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်အကွာတွင် ဖြစ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်ထားသည်။

အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်ဆက်ကြောင်းသည် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည့် ဆက်ကြောင်းဖြစ်သည်။SEA-ME-WE 3 ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၃၄ သန်းရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်မြုပ်နှံထားသည်။ ယခုကဲ့သို့ SEA-ME-WE 3 ရေအောက်ကေဘယ် အင်တာနက်ဆက်ကြောင်းပြတ်တောက်ခြင်းများ ဖြစ်ပွားပါက အစားထိုး အသုံးပြုနိုင်ရန် အတွက် SEA-ME-WE 5 နှင့် ချိတ်ဆက်မှုများပြုလုပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

ချိုကို
Mizzima - News in Burmeseရေအောက် အင်တာနက်ဆက်ကြောင်းပြတ်တောက်၍ ကုန်းတွင်းဆက်ကြောင်းဖြင့်သာ သုံးစွဲနေရ ပြည်တွင်း အင်တာနက်အသုံးပြုရန် သွယ်တန်းထားသော ရေအောက်အင်တာနက်ဆက်ကြောင်း Sea-Me-We 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွား၍ ပြည်တွင်းအင်တာနက်မှာ ကုန်းတွင်းနယ် စပ်ဖြတ်ကျော်ဆက်ကြောင်းကိုသာမှီခိုအသုံးပြုနေရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား ချက်အရ သိရသည်။ Sea-Me-We 3 ဆက်ကြောင်းမှာ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပြတ်တောက်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း (Cross Border) ဖြင့် သုံးဆွဲနေရသောကြောင့် ယခင်အသုံးပြုနေသည့် အင်တာနက်မြန်နှုန်း၏ ထက်ဝက်ဖြင့်သာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက် Bandwidth မှာ 14 GB အထိ ရှိပြီး SEA ME-WE 3 အင်တာနက် ဆက်ကြောင်း ပြင်ဆင်နေစဉ်အတွင်း အင်တာနက် Bandwidth မှာ 7GB အထိသာ အသုံးပြုနိုင်မည်ဟုလည်း ၎င်းကပြောသည်။ ရေအောက်ကေဘယ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် အချိန်တစ်လခန့်ကြာနိုင်မည်ဖြစ်ပြီး စကာင်္ပူ နိုင်ငံတွင်ရှိသော SEA-ME-WE 3 ဆက်ကြောင်း ပြုပြင်ရေးအဖွဲ့ကို ပြင်ဆင်ရန်ခေါ်ထားသည်ဟုလည်း အင်ဂျင်နီယာချုပ်က ဆိုသည်။ ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်တယ်ဆိုတာကိုပဲ သိပါသေးတယ်။ ပြုပြင်ဖို့ အတွက်က Confirm လုပ်နေတုန်းပါ။ ဒါ ကြောင့် ခုပြုပြင်ဖို့ SEA- ME- WE 3 ကေဘယ်ပြုပြင်ရေးအဖွဲ့ကိုခေါ်ထားတာပါ” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်ရေး အသုံးပြုနိုင်ရန်အတွက် ရေအောက်ကေဘယ်ဆက် ကြောင်းဖြစ်သည့် SEA-ME-WE 3၊ ဂြိုဟ်တုဆက်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက် ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ရေအောက်ကေဘယ်ဆက်ကြောင်း SEA-ME-WE 3 ကို အဓိကထား သုံးစွဲရခြင်း ဖြစ်သည်။ ယင်းသို့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Alpha ကွန်ပျူတာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက “ရေအောက်ကေဘယ်ပြက်တောက်ပေမယ့် အင်တာနက်လိုင်းအကုန်လုံး သုံးမရတာမဟုတ်ဘဲ မြန်နှုန်းနှေးပေမယ့်သုံးလို့ရတော့ တော်သေးတယ်။ အခုက သုံးလို့ရတယ်ဆိုပေမယ့် အင်တာနက်ဆက်သွယ်ရေးလိုင်း လုံးဝသုံးလို့မရဘူးဆိုရင်တော့ စီးပွား ရေးလုပ်ငန်းတွေလည်း အခက်တွေ့ကုန်မှာလေ။ ဘာပဲဖြစ်ဖြစ် နောင်ဆို ခဏခဏ ဒီလိုအင်တာနက် ဆက်ကြောင်းမပြတ်တောက်ဖို့တော့ ပြုပြင်ထိန်းသိမ်းဖို့သင့်တယ်”ဟု သုံးသပ်ပြောကြားသည်။ အင်တာနက်ဆက်ကြောင်း ပြတ်တောက်သည့်နေရာကို မြန်မာပြည်တွင်းလမ်းကြောင်း တစ်လျှောက် ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချွတ်ယွင်းမှု သည် ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်အကွာတွင် ဖြစ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်ထားသည်။ အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်ဆက်ကြောင်းသည် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည့် ဆက်ကြောင်းဖြစ်သည်။SEA-ME-WE 3 ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၃၄ သန်းရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်မြုပ်နှံထားသည်။ ယခုကဲ့သို့ SEA-ME-WE 3 ရေအောက်ကေဘယ် အင်တာနက်ဆက်ကြောင်းပြတ်တောက်ခြင်းများ ဖြစ်ပွားပါက အစားထိုး အသုံးပြုနိုင်ရန် အတွက် SEA-ME-WE 5 နှင့် ချိတ်ဆက်မှုများပြုလုပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။ ချိုကို Mizzima - News in Burmese