Home » » ရေယာဉ်ပြေးဆွဲခွင့်ကော်ခံမြင့်တက်၍ ကျေးရွာစက်လှေသမားများ အခက်တွေ့

ရေယာဉ်ပြေးဆွဲခွင့်ကော်ခံမြင့်တက်၍ ကျေးရွာစက်လှေသမားများ အခက်တွေ့

Written By Unknown on Sunday, July 14, 2013 | 2:33 PM

ပုသိမ်    ဇူလိုင်   ၁၂

ဟိုင်းကြီးကျွန်းမြို့နယ်ခွဲမှ မဲခရဲ-ဟိုင်းကြီးရေယာဉ်ပြေးဆွဲခွင့်သတ်မှတ် နှုန်းမြင့်မားနေ၍ ဒေသခံစက်လှေ ပိုင် ရှင်တို့အခက်အခဲကြုံတွေ့နေရသည် ဟု သိရသည်။

ပုသိမ်ခရိုင်    ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ မဲခရဲ ကနုက မာကျေးရွာအုပ်စုမှ ကနုကမာ-မဲခရဲ၊  ဟိုင်းကြီး-မဲခရဲ   ရေယာဉ်လိုင်းကို ၂ဝ၁၃ ခုနှစ် ရေယာဉ်ပြေးဆွဲခွင့်လိုင် စင်ရရှိထားသူများထံ ပြေးဆွဲ ခွင့်စာ ရင်းသွင်းလိုင်စင်ကြေးကောက်ခံငွေ များပြားနေသည့်အတွက် ဒေသခံ စက်လှေသမားများ    အခက်အခဲ ဖြစ်နေကြောင်း မဲခရဲကျေးရွာသား တစ်ဦး၏  ပြောပြချက်အရ  သိရ သည်။

''ရွာမှ ကိုယ်ပိုင်စက်လှေမရှိတဲ့လူက လိုင်စင်ရသွားတယ်လို့   သိရတယ်၊  ရွာကစက်လှေတွေအားလုံး သူ့ဆီမှာ ပြေးဆွဲခွင့် ရှစ်သောင်းပေးပြီး စာရင်း ကို တစ်ပတ်အတွင်း ပေးသွင်းရမယ် လို့ ဆိုတာကို  ရွာထဲမှာ  ကြေညာ တယ်''ဟု ဆားဖိုရွာမှစက်လှေပိုင်ရှင် တစ်ဦးက ပြောကြားသည်။

''ရေယာဉ်  ပြေးဆွဲခွင့်အတွက် စက်လှေရှိသူတွေကို ရွာမှာအစည်း အဝေးခေါ်ပါတယ်။ ရောက်မလာလို့  လာတဲ့သူကိုပဲ  မြို့ခေါ်သွားပြီး  ပို့ ဆောင်ရေး ခွင့်ပြုချက် ယူပေးလိုက် တာပါ''ဟု ကနုကမာ(မဲခရဲ) ကျေးရွာ အုပ်ချုပ်ရေးမှူး   ဦးဌေးအောင်က ပြောကြားသည်။

''အရင်နှစ်တွေက စက်လှေတစ် စင်းကိုငွေကျပ် ၁၈ဝဝဝ ပဲ ရွာကိုပေး သွင်းရတယ်။ ဒါတောင်အရင်ဥက္ကဋ္ဌ က ရွာသားတွေအခက်အခဲရှိမှန်းသိ လို့ တစ်စင်းကို ငွေကျပ် ၉ဝဝဝ နဲ့ လျှော့ကောက်တယ်။ အခုအုပ်ချုပ် ရေးမှူးလက်ထက်မှ တစ်စင်းကို ငွေ  ကျပ် ၈ဝဝဝဝ ဆိုတော့ ခရီးသွား လာမှုမဖွံ့ဖြိုးသေးတဲ့ ကျွန်တော်တို့ ရွာငယ်မှ စက်လှေသမားတွေက ငွေ ကြေးမတတ်နိုင်လို့   ငွေကောက်တဲ့ အစည်းအဝေးပွဲကို မသွားခဲ့ဘူး''ဟု မဲခရဲကျေးရွာမှ စက်လှေပိုင်ရှင်တစ်ဦး က ပြောသည်။

ကနုကမာ(မဲခရဲ)ကျေးရွာအုပ်စု တွင် အိမ်ခြေ ၂ဝဝ ခန့်ရှိပြီး ပြေး ဆွဲသည့်စက်လှေ ၃၄ စင်းခန့်ရှိသော ရွာငယ်တစ်ခုဖြစ်သည်ဟု သိရသည်။ ငပုတောမြို့နယ် မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာန  မြို့နယ်သယ်ယူပို့ဆောင် ရေးညှိနှိုင်းမှုကော်မတီ၏ ဆုံးဖြတ် ချက်ဖြင့် ကနုကမာ(မဲခရဲ)၊ ဟိုင်းကြီး (မဲခရဲ) ရေယာဉ်လိုင်းကို  ဇွန် ၁၉ ရက်က ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရ သည်။      

စိုးမိုး
News and Periodiacl Enterprise