Home » » ဖားကန့်မြို့၌ မိုးသည်း ထန်စွာရွာ သွန်း၍ လှေများဖြင့် သွားလာနေရ

ဖားကန့်မြို့၌ မိုးသည်း ထန်စွာရွာ သွန်း၍ လှေများဖြင့် သွားလာနေရ

Written By Unknown on Sunday, July 14, 2013 | 2:39 PM

ဖားကန့်    ဇူလိုင်   ၁၃

ကချင်ပြည်နယ်   ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်၊   မြို့မရပ် ကွက်၊ မရှီကထောင်ရပ်ကွက်၊ အေး မြသာယာရပ်ကွက်တို့တွင် ဇူလိုင် ၁ဝ ရက် နံနက် ၉ နာရီက ရေကြီးမှု ကြောင့်   သုံးဘီးဆိုင်ကယ်များနှင့် လှေများအသုံးပြု၍   သွားလာခဲ့ရ သည်။ (အောက်ပုံ)

ဖားကန့်မြို့    ငှက်ပျောတော ရပ်ကွက်    ဖူဂျီဓာတ်ပုံဆိုင်ရှေ့မှ ကမ်းနားလမ်း ကြိုးတံတားထိပ်ဝန်း ကျင်သည် နှစ်စဉ်ရေကြီးတိုင်း ရေ နစ်မြုပ်လေ့ရှိသည်။  ဖားကန့်မြို့ မြို့မ ရပ်ကွက်တွင်   ကျောက်ဝိုင်းလမ်းဆုံ အောင်ကဖီးနှင့် ဆိုနီအအေး ဆိုင်ရှေ့ တို့တွင်လည်း    ရေအမြဲနစ်မြုပ်၍ ဖားကန့်မြို့အတွင်း  လှေဖြင့် သွားလာ နေကြရသည်ကို  တွေ့ရှိရသည်။

ဖားကန့်မြို့   မရှီကထောင်ရပ် ကွက်တွင် မရှီကထောင်ကြိုးတံတား ထိပ်မှ တိုရှီလာစတိုး၊ မေတ္တာရောင် ကဖီးဆိုင်၊ အလယ်တန်းကျောင်းရှေ့ တို့တွင်လည်း ရေတက်လာသည်နှင့် ရေနစ်မြုပ်ခဲ့ပြီး ရေကြီးလာပါက လှေ ကိုအသင့်ပြင်ထားရသည်ဟု ဦးမင်း မင်းက ပြောပြသည်။ ရေပြန်ကျသည့် အခါတွင် ရွှံ့ညွန်များကို   ဆေးကြော ကြရသည့်ဒုက္ခကလည်း  များပြား လှသည်။

ယခင်က ဖားကန့်သည် မိုးများ၍ ရေကြီးသော်လည်း ရပ်ကွက်အတွင်း သို့  ရေမဝင်ခဲ့ပါ။  မရှီကထောင် ရပ်ကွက်တွင် သုံးဘီးဆိုင်ကယ်ပေါ်သို့ လူနှင့်ဆိုင်ကယ်များတင်ဆောင်ကာ သုံးဘီးဆိုင်ကယ်ကို လူငါးဦး၊ ခြောက် ဦးတို့ဖြင့် ဝိုင်းပြီးတွန်းပို့ကြရသည်။ လူတစ်ဦးလျှင်   ငွေကျပ် ၅ဝဝ နှုန်း နှင့် ဆိုင်ကယ်တစ်စီးလျှင်   ငွေကျပ် ၁ဝဝဝ နှုန်း      ပေးခဲ့ရကြောင်း    သိရ သည်။

စိုးနိုင်ဦး(ဖားကန့်)

News and Periodiacl Enterprise