Home » » ကလေးမြို့ ကေတီဗွီတချို့ အစိုးရ၀န်ထမ်း နာမည်ခံများဖြင့် ဖွင့်ထား

ကလေးမြို့ ကေတီဗွီတချို့ အစိုးရ၀န်ထမ်း နာမည်ခံများဖြင့် ဖွင့်ထား

Written By Unknown on Sunday, July 14, 2013 | 5:33 PM

ကလေးမြို့-ဇူလိုင်၁၄

ကလေးမြို့၊ တပ်ဦး သီတာရပ်ကွက်ရှိ ကေတီဗွီတချို့အား အစိုးရ၀န်ထမ်း အမည်ခံများဖြင့် ဖွင့်လှစ်ထားကြောင်း အဆိုပါ ရပ်ကွက်ရှိ တာဝန်ရှိသူ တစ်ဦးမှ ပြောသည်။

လက်ရှိ ကျွန်တော်တို့ရပ်ကွက်မှာ ကေတီဗွီ သုံးခုရှိတယ် တစ်ခုက တီးတိန်က ဒုတပ်ရင်းမှူး အမည်နဲ့ ဖွင့်ထားတယ်။ တစ်ခုက ကလေးဝက စရဖ က လူတစ်ယောက် နာမည်နဲ့ ဖွင့်ထားတာ အခု သူ့မိန်းမက မန်နေဂျာ လုပ်နေတယ်။ အခုတော့ မလာတော့ဘူး။ အရင်ကတော့ တစ်ပတ်တစ်ခေါက်လာတယ်။ နောက်တစ်ခုကတော့ ဒုရဲအုပ်အမည်ခံနဲ့ပါ။ အခုတော့ အဲ့ဒီဒုရဲအုပ်က ရဲအလုပ်မလုပ်တော့ပါဘူး ဟု ၄င်းကဆက်လက် ပြောသည်။

ကလေးမြို့ မူးယစ်ဆေးဝါး ကိစ္စများနှင့် ပတ်သက်၍ နေပြည်တော်မှ ဒုရဲချုပ် ဦးဆောင်သော အဖွဲ့ ကလေးမြို့သို့ ရောက်ရှိ လာချိန်ကတည်းက တရားမ၀င် အမှုများအား လိုက်လံ ဖော်ထုတ်လျှက်ရှိပြီး ကလေးမြို့ ကေတီဗွီများလည်း ပိတ်ထားပြီး မြို့နယ်အုပ်ချုပ်ရေး ရုံးမှလည်း ယခုလဆန်း ဇူလိုင်လ(၄) ရက်နေ့ကတည်းက တရားမ၀င် လုပ်ကိုင်နေသော ကေတီဗွီ လုပ်ငန်းများအား သက်ဆိုင်ရာ ရပ်ကွက် အသီးသီးရှိ အုပ်ချုပ်ရေး မှူးများသို့ ဖမ်းဆီး အရေးယူရန် အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရသည်။

ကလေးမြို့ တပ်ဦးသီတာ၊ နယ်မြေ(၁၁) ရပ်ကွက်တွင် ကေတီဗွီ (၃) ခုရှိပြီး အေးချမ်းမြေ့၊ ဧရာဝတီနှင့် ကေတီဗွီ တစ်ခုမှာ နာမည် မပေးသေးကြောင်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal