Home » » အစော်ကားခံရကြောင်း တိုင်ကြားပြီးနောက် ထောင်ဒဏ်ကျ ခံရသူ နော်ဝေအမျိုးသမီးအား လွတ်ငြိမ်းခွင့်ပေး

အစော်ကားခံရကြောင်း တိုင်ကြားပြီးနောက် ထောင်ဒဏ်ကျ ခံရသူ နော်ဝေအမျိုးသမီးအား လွတ်ငြိမ်းခွင့်ပေး

Written By Unknown on Friday, July 26, 2013 | 2:16 PM

အဓမ္မစော်ကားခံရကြောင်းကို တိုင်ကြားခဲ့ပြီးနောက် ထောင်ဒဏ်ကျခံ ခဲ့ရသော ဒူဘိုင်း၌ လာရောက် အလုပ် လုပ်ကိုင်သူ နော်ဝေ အမျိုးသမီး တစ်ဦး ၏ ကိစ္စအား အများပြည်သူက ဝေဖန် ကန့်ကွက်သံများ ထွက်ပေါ်လာပြီး နောက် သူမအား လွတ်ငြိမ်းခွင့်ပေးခဲ့ ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်Marte Dalelv ဆိုသူ အမျိုးသမီးသည် သူမ၏ အလုပ်ရှင်အား ပြစ်ဒဏ်ချမှတ်ရန် တိုင် ကြားခဲ့ပြီးနောက် လိုင်စင်မရှိဘဲ အရက် သောက်မှု၊ မုသား သက်သေခံမှု၊ ကာမပိုင် ယောက်ျားရှိ လျက်ဖောက်ပြန် မှုများဖြင့် တရားစွဲဆိုခံရပြီး လေးလကြာ ဒုက္ခသုက္ခများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် လွတ်ငြိမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။

သူမသည် အဓမ္မစော်ကားခံရသည့် အကြောင်းကို ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ ပြီးနောက် ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံ ရပြီး လေးရက်အကြာ တွင် နော်ဝေသံ တမန်များ၏ အကူအညီဖြင့် လွတ်မြောက် ခဲ့သည်။ သူမအား အာရပ်စော်ဘွားများ နိုင်ငံအတွင်း၌ ၁၆ လကြာ ထောင်ဒဏ် ကျခံရန် စီရင်ချမှတ်ခဲ့သော်လည်း လွတ် ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အရက်သောက် သုံးမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု များဖြင့် ၁၃ လကြာထောင်ဒဏ် ကျခံရ မည့် သူမ၏သူဌေးကိုလည်း လွတ်ငြိမ်း ခွင့်ပေးခဲ့သည်။

''မင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပြီ လို့ ပြောတော့ ကျွန်မ တအားပျော်သွား တာ။ ပျော်စရာကောင်းတဲ့ အဆုံးသတ် တစ်ခုပါ။ ကျွန်မပတ်(စ်)ပို့လည်းပြန်ရ ပြီ။ ဒီနိုင်ငံကနေ အမြန်ဆုံးထွက်ခွာမှာ ပါ''ဟု သူမက ပြောကြားခဲ့သည်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီး Barth Eide က ယင်းကဲ့သို့ လွတ်ငြိမ်း ခွင့်ပေးခဲ့ခြင်းအပေါ် ထောက်ခံခဲ့သော် လည်း ထောင်ဒဏ်ချမှတ်ခဲ့သည့် တရား ရုံး၏ မူလဆုံးဖြတ်ချက်ကို ပြစ်တင်ဝေ ဖန်ခဲ့သည်။ သူမသည် ဒိုဟာမှ ဒူဘိုင်း သို့ အလုပ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကာတာသို့ ပြန်သွားရန် ဆုံးဖြတ်ချက် မချရသေးပေ။

သူမအား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် လူပေါင်း ၇၂ဝဝဝ က လက်မှတ် ရေးထိုးတောင်းဆိုခဲ့ပြီး Facebook ရှိ အသင်းအဖွဲ့များကလည်း သူမကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

Ref:AFP
သိင်္ဂီဝင်း

Popular Myanmar News Journal