Home » » မှုခင်းသတင်းထောက် ကတ်ပြားပြ ခြိမ်းခြောက်၍ ငွေကြေး တောင်းခံမှုများ အရေးယူရန်ညွှန်ကြား

မှုခင်းသတင်းထောက် ကတ်ပြားပြ ခြိမ်းခြောက်၍ ငွေကြေး တောင်းခံမှုများ အရေးယူရန်ညွှန်ကြား

Written By Unknown on Saturday, July 20, 2013 | 11:17 AM

ရန်ကုန်      ဇူလိုင်    ၁၉

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင်   မှုခင်းဂျာနယ်မှ ထုတ်ပေးထားသော  မှုခင်းဂျာနယ် (သတင်း ထောက်)ကတ်ပြားများနှင့် တိုင်းဒေသကြီးအတွင်း  ခရိုင်လေးခရိုင်ရှိ ရဲတပ်ဖွဲ့မှူးရုံးများမှ  ထုတ်ပေးထားသောပြေးလေး ပြေးကတ်ပြားများကို လူအများအပြား၏ လက်ဝယ်၌ တွေ့ရှိနေရပြီး   အဆိုပါကတ်ပြားများ ကိုင်ဆောင်ထားကြ သောသူများသည်   လောင်းကစားများဖြစ်သော သုံးလုံး၊ နှစ်လုံး (ခေါ်) ချဲ ထီ၊ ဖဲ၊ ဘောလုံးပွဲ     လောင်းကစားဒိုင်လုပ်ငန်း လုပ်ကိုင်နေသူများအား ၄င်းတို့ကိုင်ဆောင် ထား သောကတ်ပြားများ ပြသခြိမ်းခြောက်ကာငွေကြေး (ဆက်ကြေးငွေ)များတောင်းယူနေကြောင်း သတင်းများ နှင့်ပတ်သက်၍     မိမိတို့၏  မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင်     မှုခင်းသတင်း ထောက်   ကတ်ပြားပြ သခြိမ်းခြောက်၍ အများပြည်သူထံမှငွေကြေးတောင်းခံခြင်းကိုတွေ့ရှိပါက    ပြည်သူများနှင့် ရပ်ကွက်၊ ကျေး ရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဖော်ထုတ်ကာ အမှုဖွင့်ပြီး   ဥပဒေနှင့်အညီ  အရေးယူနိုင်ရန်တို့ကို သက်ဆိုင် ရာမှ အဆင့်ဆင့်ညွှန်ကြားထားရှိကြောင်း သိရသည်။                                            

တင်ကြည် (မြန်မာ့အလင်း)