Home » » အမြန်လမ်းမတော်တဆမှု နှစ်လအတွင်း ၃၄ မှုဖြစ်

အမြန်လမ်းမတော်တဆမှု နှစ်လအတွင်း ၃၄ မှုဖြစ်

Written By Unknown on Saturday, July 20, 2013 | 11:39 AM

ရန်ကုန်   ဇူလိုင်   ၁၉

ပြီးခဲ့သည့်နှစ်လအတွင်း ရန်ကုန်-မန္တလေး   အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆ ထိခိုက်မှု ၃၄မှု ဖြစ်ပွားခဲ့ပြီး     ဇူလိုင်လအတွင်း လေးမှုတိုးကာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအမှုများတွင်   ဇွန်လ အတွင်း ယာဉ်အန္တရာယ်ဖြစ်မှု ၁၅မှုနှင့် သေဆုံးသူ ခုနစ်ဦး၊  ဒဏ်ရာရရှိသူ ၁၉ဦးတို့ဖြစ်ကြပြီး ဇူလိုင် ၁၇ရက် အထိ စာရင်းများအရ ယာဉ်အန္တ ရာယ်ဖြစ်မှု ၁၉မှုနှင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၅၂ဦး   တို့ဖြစ်ကြောင်း သိရှိရသည်။

''အမြန်လမ်း  ရဲတပ်ဖွဲ့အနေနဲ့ လမ်းတစ်လျှောက် ကူညီပေးမယ့်ရဲ စခန်း ၁၄ခု၊ လူနာတင်ယာဉ် ကိုးစီး နဲ့ ဒဏ်ရာရရှိသူတွေကို     ကူညီပေး နေပါတယ်။  ယာဉ်ကို  အရှိန်မြှင့်        မမောင်းဖို့ကိုလည်း   အသိပညာပေး လက်ကမ်းစာစောင်တွေ ပေးပါတယ်''ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ    တာဝန်ကျ ဒုရဲအုပ်မင်းထွေးက ပြောကြားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးသည် အမြန်လမ်းဟုခေါ်သော် လည်း    အမြန်လမ်းအဆင့်သတ် မှတ်၍မရသေးကြောင်းနှင့်  လမ်း အင်ဂျင်နီယာ သတ်မှတ်ပေးသောမိုင် နှုန်းဖြင့် မောင်းနှင်နိုင်သော လမ်းမ ကြီးဖြစ်သည်။ ထို့ကြောင့် ဆောက် လုပ်ရေးဝန်ကြီးဌာန  လမ်းအင်ဂျင် နီယာများက  လမ်းမကြီးပေါ်တွင် ကီလိုမီတာ၁ဝဝမောင်းနှင်နိုင်သော် လည်း ကီလိုမီတာ ၈ဝ သာ မောင်းနှင် ပါဟု သတိပေးဆိုင်းဘုတ် များဖြင့်      ခွင့်ပြုမောင်းနှင်စေသော   လမ်းမကြီး ဖြစ်သည်။

၂ဝဝ၉ မတ်လမှ ၂ဝ၁၃ ဧပြီလ အထိ အမြန်လမ်းမပေါ်တွင် ယာဉ် စီးရေ ၁ဝ၅၇၁၁စီး ဖြတ်သန်းခဲ့ပြီး မတော်တဆမှု ၄၃၂မှု၊ သေဆုံးသူ ၂၁၆ဦး၊  ဒဏ်ရာရရှိသူ  ၆၇၈  ဦးရှိ ပြီး    ယာဉ်မောင်းပေါ့ဆမှု ၃ဝ၅မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁ဝနှင့် ခရီးသည် ပေါ့ဆမှု နှစ်မှု၊ အခြားအမှုများကြောင့် ၁၁ မှုဖြစ်ပွားခဲ့သည်။ ၂ဝ၁၁ခုနှစ် အတွင်း အခြားလမ်းများတွင် သေဆုံး သူ ၂၈၁၁ဦး၊ အမြန်လမ်းတွင် ၄၇ဦး သေဆုံးခဲ့သည်။၂ဝ၁၂ခုနှစ်အတွင်း အခြား လမ်းများတွင် ယာဉ်တိုက်မှုနှင့် ဆက်စပ်မှုများကြောင့်  သေဆုံးသူဦး ရေ ၃၃၂၆ ဦးရှိခဲ့ပြီး  အမြန်လမ်းပေါ်၌ သေဆုံးသူဦးရေ ၃၈ဦးရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၃ခုနှစ် ဧပြီလအထိ ယာဉ် တိုက်မှုကြောင့် နိုင်ငံတစ်ဝန်း ၁၃၇၅ဦး သေဆုံးခဲ့ပြီး အမြန်လမ်း၌ သေဆုံး သူဦးရေ ခြောက်ဦးရှိကြောင်း ဆောက်   လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များ အရ သိရှိရသည်။

ကြည်(ရန်ကင်း) - မြန်မာ့အလင်း