Home » » ခရီးသွားများ လူနေအိမ် နေခွင့်မရှိ

ခရီးသွားများ လူနေအိမ် နေခွင့်မရှိ

Written By Unknown on Thursday, July 25, 2013 | 5:38 PM

မြန်မာနိုင်ငံသို့ လာရောက်လေ့လာကြ သော နိုင်ငံခြားခရီးသွားများသည် အချို့သောဒေများမှလွဲ
၍ လူနေအိမ်၌ နေထိုင်ရန်မဖြစ်နိုင်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးဌေးအောင်က မန္တလေး စွမ်း
ဟိုတယ်တွင်ပြုလုပ်သော ဟိုတယ် လုပ်ငန်းရှင်များ၊ ၀န်ထမ်းများနှင့် မန္တလေးဧည့်လမ်းညွှန်များ
တွေ့ဆုံပွဲ တွင် ပြောကြားသည်။

"နိုင်ငံခြားသားဧည့်သည်တချို့ရဲ့ နေထိုင်မှုက မြန်မာလူမျိုးတွေနဲ့ သိပ် ပြီးမကိုက်ညီဘူး။ သွား
လာရခက်ခဲတဲ့ ဒေသတွေဆိုရင်တော့ မဖြစ်မနေ နေရ တော့မှာပေါ့"ဟု ၎င်းကဆိုသည်။

မြို့၊ရွာများနှင့်အလှမ်းဝေးသော ဒေသများတွင်သာ Home stay နေထိုင် ရန်ခွင့်ပြုမည်ဖြစ်ပြီး
ရန်ကုန်၊ မန္တလေး နှင့် အနီးတ၀ိုက်တွင် ဟိုတယ်များ၌သာ တည်းခိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း မန္တလေးဇုန်မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုသောင်းနိုင်ဦး
က "Home stay နေဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့်လည်း တချို့ဒေသတွေ ပေါက်တို့မြိုင်တို့စတဲ့
ဟိုတယ်လည်းမရှိတဲ့ ဒေသတွေကျတော့ Home Stay က မဖြစ်မနေနေရတော့မှာ ပဲ။ အဲဒီကို
သွားလေ့လာမယ်ဆိုရင် နိုင်ငံ ခြားဧည့်သည်ကို ကြိုတင် ပြောပြထား ဖို့လည်းလိုတာပေါ့။ နောက်
ဆိုရင် နိုင်ငံ ခြားဧည့်သည်တွေ အများကြီးရောက် လာမယ်ဆိုတော့ Home Stay နေတဲ့ကိစ္စ
တွေ ဖြစ်လာမှာပဲ။ နိုင်ငံခြားသား ဧည့်သည်ရဲ့လုံခြုံရေး၊ ဒေသခံတွေရဲ့ လုံခြုံရေးအတွက်
အရေးကြီးတာပေါ့" ဟု ဆိုသည်။

ရွှေဝါလွင်  - မြန်မာတိုင်းမ်