Home » » မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို

မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို

Written By Unknown on Thursday, July 25, 2013 | 5:34 PM

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် စလေအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှ ရွာသူ၊ ရွာသားများ
ကို ကျေးရွာအုပ်ချုပ် ရေးမှူးက လျှပ်စစ်မြစ်ရေတင် စီမံကိန်း အတွင်းရှိ ချောင်းကို သန့်ရှင်းရေးပြု
လုပ် ရန် အဓမ္မလုပ်အားပေးစေခိုင်းခဲ့ ကြောင်း အဆိုပါကျေးရွာများမှ ရွာသူ၊ ရွာသားများက
ပြောကြားသည်။

အုန်းပင်ကိုးပေါက် လျှပ်စစ်မြစ်ရေ တင်စီမံကိန်းရှိ ရေမြောင်းသန့်ရှင်းရေး ပြုလုပ်ရန် ဇူလိုင်လ ၅
က်နေ့တွင် ကျေးရွာရာအိမ်မှူးက တစ်အိမ်ထောင် လျှင် တစ်ယောက်နှုန်းဖြင့် ပါဝင်လုပ် ဆောင်
ရန် ကြေညာခဲ့ပြီး လိုက်ပါခြင်း မရှိပါက ဒဏ်ငွေတစ်ထောင်ပေးဆောင် ရမည်ဟု ပြောကြားကာ
အဓမ္မခိုင်းစေခဲ့ ကြောင်း အလယ်ရွာမှ ဦးသွင်က ပြော ကြားသည်။

"ဒီလိုမျိုး ရေမြောင်းသန့်ရှင်းရေက တစ်နှစ်ကို နှစ်ကြိမ်လောက် လုပ်နေရ တယ်။ ရေရဖို့အတွက်
ဆိုပြီး လုပ်ခိုင်း တာ။ လုပ်အားပေးမလိုက်ဘူးဆိုရင် စိုက်ပျိုးလယ်တွေထဲကို ရေမလွှတ်ပေး ဘူး
ဆိုပြီး ခြိမ်းခြောက်တဲ့အတွက် အလို မတူဘဲ လုပ်နေရတယ် လုပ်ရတဲ့အချိန် ကလည်း မနက် ၇
နာရီကနေ နေ့ခင်း ၁၁ နာရီအထိပါ"ဟု ၎င်းက ပြောသည်။

အဆိုပါ လုပ်အားပေးခိုင်းစေမှုကိုကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုး ရေးဟုဆိုကာ ယခု
တစ်ကြိမ်လုပ်အား ပေး မလိုက်နိုင်ပါက နောက်ထပ်အကြိမ် များတွင် လုပ်အားပေးရမည်ဟု
အာဏာ ဖြင့် ခိုင်းစေမှုကြောင့် ရွာသူ၊ ရွာသား အများစုမှာ လုပ်အားပေးရကြောင်း ရွာ သစ်
ကျေးရွာမှ ဦးစိုးမြင့်က ပြောသည်။

"ဆယ်ခိုင်းတာက ရေမြောင်းထဲက အမှိုက်တွေ၊ ရွှံ့စေးတွေဆယ်ခိုင်းတာပါ။ ရွာငါးရွာပေါင်း ခန့်မှန်း
ခြေ ၄၃ ယောက် ရှိပါတယ်"ဟု ၎င်းက ပြောသည်။ အဆိုပါကိစ္စအတွက်လိုက်လံဆောင် ရွက်ပေး
နေသည့် မယဉ်ယဉ်မိုးကလည်း "သမ္မတကြီးဦးသိန်းစိန်အနေနဲ့ နိုင်ငံ တွင်းမှာ ကလေးစစ်သားနဲ့
အဓမ္မစေခိုင်း မှုတွေ ၉၀ ရာခိုင်နှုန်းပပျောက်သွားပြီ ပြောပေမယ့် တကယ်တမ်းတော့ အခု လိုကျေး
ရွာတွေမှာ ဒီလိုအဖြစ်မျိုးတွေ ၅၀ ရာခိုင်နှုန်းလောက် ကျန်ရှိနေပါသေး တယ်"ဟု ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရွာခြောက်ရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲတင့်အား ဆက်သွယ်
မေးမြန်းရာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းအတွင်းရှိ ရေမြောင်းသန့်ရှင်းရေး ပြုလုပ်ရန် မိမိ ၏ရွာသူ
ရွာသားများအား အဓမ္မစေခိုင်း ခြင်းလုံးဝမရှိကြောင်း၊ မိမိလုပ်ဆောင်နေ သည်မှာ ဒေသဖွံ့ဖြိုးရေး
အတွက် အဓိက ထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖြေကြားသည်။

"ရေမြောင်းဆယ်ခိုင်းရတဲ့အကြောင်း ကမြောင်းမှာ အမှိုက်တွေပိတ်နေရင် စပါးစိုက်တဲ့ လယ်တွေ
မှာ ရေ၀င်ရောက် မှုနည်းပြီး စပါးတွေဆုံးရှုံးမယ် ကျွန်တော် ခိုင်းတာကလည်း အဓမ္မစေခိုင်းတာ
မဟုတ်ပါဘူး။ "ဒီမြစ်ရေတင်စီမံကိန်းနဲ့ လုပ်ကိုင်စား နေတဲ့ ရွာတွေကသူတွေကို သေချာ ရှင်းပြပြီး
တော့မှ လုပ်အားပေးခေါ် တာပါ။ သူတို့တွေပြောသလို တစ်အိမ် တစ်ယောက် လိုက်ရမယ်တို့၊
မလိုက်ရင် ဒဏ်ငွေတစ်ထောင်ကျပ် ပေးရမယ် ဆိုတာတွေ ကျွန်တော်မပြောခဲ့ပါဘူး" ဟု ၎င်းက
မြန်မာတိုင်း(မ်)အား ရှင်းလင်းပြောကြားသည်။

အောင်ရဲသွင်နှင့် လှိုင်ကျော်စိုး  (မြန်မာတိုင်းမ်)