Home » » ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်တက်မည်

ပြည်တွင်းရွှေဈေး အနည်းငယ် ဆက်တက်မည်

Written By Unknown on Monday, July 15, 2013 | 11:46 AM

ရန်ကုန်၊ ဇူလိုင် ၁၄

ကမ္ဘာ့ရွှေဈေး ကျဆင်းမှု ဂယက်ကြောင့် ဈေးဆက်တိုက် ကျဆင်းပြီး ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည် မြင့်တက်လာသည့် ပြည်တွင်း ရွှေဈေးမှာ ဇူလိုင်လ ၁၅ ရက်နေ့ ဈေးကွက်အဖွင့်တွင် အနည်းငယ် ဆက်လက် မြင့်တက်ဦးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

တနင်္လာနေ့ ရွှေဈေးကွက် အဖွင့်တွင် ပြည်တွင်း ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်း ကိုးသောင်း ဝန်းကျင်ဖြင့် ဈေးဖွင့်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ရွှေဈေးက အရင် ဆက်တိုက် ကျနေပြီး အခုတစ်ပတ်မှ ပြန်တက်လာတာ။ လာမယ့် အဖွင့်ဈေး ကတော့ တစ်ကျပ်သားကို ခြောက်သိန်း ကိုးသောင်း ကနေ ခြောက်သိန်း ကိုးသောင်းခွဲထိ အမြင့်ဆုံး တက်နိုင်ပါတယ်” ဟု တိတ်ချိန် ရွှေဆိုင် လုပ်ငန်းရှင် ဦးဇော်အောင်က ဆိုသည်။

ဇွန်လဆန်းပိုင်းက ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၉,၀၀၀ ဝန်းကျင်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၈၀ ဒေါ်လာရှိရာမှ ဆက်တိုက် ကျဆင်းလာခြင်းဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ တွင် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၈၉,၅၀၀ နှင့် ကမ္ဘာ့ရွှေ တစ်အောင်စ ၁၂၈၄ ဒေါ်လာ ဈေးပေါက်ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိ ရသည်။

The Voice Weekly