Home » » မန်း စွယ်တော်ဘုရားအနီးတွင် ဆင်ဖြူတော်နှစ်စီး ထားမည်

မန်း စွယ်တော်ဘုရားအနီးတွင် ဆင်ဖြူတော်နှစ်စီး ထားမည်

Written By Unknown on Saturday, July 13, 2013 | 2:04 PM

မန္တလေး- ဇူလိုင် ၁၃

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆင်ဖြူတော်နှစ်စီးအား မန္တလေးမြို့ စွယ်တော်မြတ် စေတီတော်ဘုရားတောင် ဘက်ရှိ ဥယျာဉ်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

၂၀၁၄မှာ ဆင်ဖြူတော်တွေကို ပင့်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်။ တိုင်းပြည်ရဲ့ရတနာတစ်ပါးဆိုတော့ ဂရုစိုက်ရပါတယ်။ သုံးလလောက်ဆိုရင် လုပ်ငန်းတွေအားလုံးပြီးပြီ။ အနံသက်တွေလည်း ကင်းပြီ။ အဲ့ဒီအချိန်ကျ ရင် ဆင်ဖြူတွေထားဖို့အဆောက်အဦတွေဆောက်မယ်။ ဆင်ဖြူတော်တွေအတွက် သဘာဝအတိုင်း နေထိုင် နိုင်ဖို့ စီစဉ်သွားမယ်ဟု ၀န်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

အဆိုပါဆင်ဖြူတော်နှစ်စီးအား ၂၀၁၄ခုနှစ်တွင် ပင့်ဆောင်နိုင်ရန်ရည်ရွယ်ထားပြီး စွယ်တော်ဘုရား ဘေး မြေ သုံးဧက အကျယ်ပေါ်တွင် လျှောက်လမ်းများဖောက်လုပ်ခြင်း ပုန်းညက်၊ ခရေပိတောက် အင်ကြင်း၊ ကံကော် စသည့်အပင်များ စိုက်ပျိုးလျှက်ရှိနေပြီး အဆိုပါ မြေနေရာတစ်ဝိုက်ရှိ စက်ရုံများမှ မီးခိုငွေ့များ၊ ရေဆိုး များ၊ အနံ့သက်များအား မန်းစည်ပင်ဖြင့် ပူးပေါင်းကာ အနံ့သက်ကင်းစေရန်လုပ်ဆောင်နေကြောင်း မန္တလေး တိုင်း သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က ပြောသည်။

ရန်ကုန် နေပြည်တော်မြို့များတွင် ဆင်ဖြူတော်များ ရှိနေပြီး မန္တလေးမြို့တွင် ထားရှိသင့်သည်ဟု ထင် သောကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ လှူဒါန်းခြင်းဖြစ်ပြီး ဆင်ဖြူတော်မှာ တိုင်းပြည် ၏ရတနာတစ်ပါဖြစ် သောကြောင့် အထူးဂရုစိုက်ရကြောင်း ဆင်ဖြူတော်များအတွက် အနံ့သက်ကင်းပြီး အန္တရာယ်ကင်းကင်းနေနိုင် ရန် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ဖိုးလပြည့် - Popular Myanmar News Journal