Home » » ဥပဒေပြုရေးကိစ္စရပ်မှာ ပညာရှင်တွေ ပူးပေါင်းပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေ

ဥပဒေပြုရေးကိစ္စရပ်မှာ ပညာရှင်တွေ ပူးပေါင်းပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေ

Written By Unknown on Tuesday, July 30, 2013 | 12:00 AM

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအတွက် ဥပဒေပြုရေးဟာ အရေးကြီးကြောင်း ၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဥပဒေပြုရေးကိစ္စရပ်တွေမှာ ပညာရှင်တွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ေ...ခ်ါလိုကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်လွှတ်တော်ရုံး အဆောက်အဦးမှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အသွေးမြှင့်တင်ရေး ကော်မတီက ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP နဲ့ ပူးပေါင်းပြီး ဥပဒေပြုရေးဆိုင်ရာတွေကို ဇူလိုင်လ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော်လွှတ်တော် အဆောက်အဦးအမှတ် ၂၀ မှာ သင်တန်းပို့ချမှာဖြစ်ပါတယ်။

ဒီကနေ့သင်တန်းမှာ ဗြိတိန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ဥပဒေပညာရှင်တွေက ဥပဒေပြုရေးဆိုင်ရာတွေကို ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese