Home » » ရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်ထိုး၍ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

ရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်ထိုး၍ ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

Written By Unknown on Monday, July 29, 2013 | 11:56 PM

ရန်ကုန်၊ ဇူလိုင် ၂၉

၂၆.၇.၂၀၁၃ ရက်နေ့ ၂၁၃၀ အချိန်ခန့်တွင် ငါးဆူတောင်နယ်မြေ ရဲစခန်းမှ ရဲတပ်သား မြင့်သိန်းထွန်းသည် လှေလှော်အင်း ကျေးရွာနေ ၎င်း၏မိဘများ နေမကောင်းသဖြင့် သွားရောက် ကြည့်ရှုစဉ် လှေလှော်အင်း ကျေးရွာ ရွာလယ်လမ်း၌ ယခင်က ကြက်ခိုး၍ ညောင်တုန်း ရဲကင်းမှူး ထံတိုင်ကြားခဲ့သည့် ကိစ္စဖြင့် စကားများ ခဲ့ဖူးသူ အောင်စိုး၊(ဘ)ဦးကြည်လွင်၊ လှေလှော်အင်းကျေးရွာ၊ လှည်းကူးမြို့နယ် နေသူနှင့် တွေ့ဆုံစဉ် ၎င်းမှ ရဲတပ်သား မြင့်သိန်းထွန်းအား ဓါးဖြင့်ထိုးသဖြင့် ၀ဲဘက်ဝမ်းဗိုက် ထိုးသွင်း ဒဏ်ရာ၊ ၀ဲဘက်နံစောင်း ပြတ်ရှဒဏ်ရာတို့ ရရှိကာ လှည်းကူး ဆေးရုံသို့ တင်ပို့ကုသခဲ့ရသဖြင့် အောင်စိုးအား ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၅/၂၀၁၃၊ ပုဒ်မ ၃၂၄ ဖြင့်အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး ဆောင် ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်အထူး မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ငါးဆူ တောင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ တရားခံအောင်စိုးအား ၂၇.၇.၂၀၁၃ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာရှိ သီဟိုဋ်ခြံ အတွင်း၌ တိမ်းရှောင်ခိုအောင်းနေစဉ် ဖမ်းဆီး ရမိခဲ့ပါသည်။

တရားခံအောင်စိုးအား ဖမ်းဆီးရမိစဉ်၎င်းထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ဓါးဦးချွန်တစ်ချောင်း အားကိုင်ဆောင်ထား လျှက်ဖမ်းဆီး ရမိခဲ့သဖြင့် ငါးဆူတောင်နယ်မြေရဲစခန်း (ပ) ၃၆/၂၀၁၃၊ လက်နက် ပုဒ်မ၁၉(င)ဖြင့် ထပ်မံအရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police