Home » » မီယာမီကမ်းခြေအနီး သေနတ်သမားတစ်ဦးက ဓားစားခံများ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွား

မီယာမီကမ်းခြေအနီး သေနတ်သမားတစ်ဦးက ဓားစားခံများ ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်ပွား

Written By Unknown on Sunday, July 28, 2013 | 8:58 AM

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မီယာမီကမ်းခြေအနီးတွင် သေနတ်သမားတစ်ဦးက ဓားစားခံများ ဖမ်ဆီးထားမှု ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူ ၇ ဦးသေဆုံးခဲ့သည်။ ဖလော်ရီဒါအချိန် စနေနေ့(ဇူလိုင် ၂၇ ရက်) နံနက်အစောပိုင်းတွင် မီယာမီကမ်းခြေအနီး လူနေတိုက်ခန်းတွဲတစ်ခု၌ သေနတ်သမားက ဓားစာခံများကို ဖမ်ဆီးထားခဲ့ခြင်းဖြစ်သည်။ ဓားစာခံ ၆ ဦးကို သေနတ်သမားက သတ်ဖြတ်ခဲ့ပြီးနောက် SWAT အထူးတပ်ဖွဲ့က အဆိုပါ တိုက်ခန်းကို စီးနင်းဝင်ရောက်ခဲ့ရာ တိုက်ခန်းစတုတ္ထထထပ်တွင် သေနတ်သမားကို အသေပစ်ခတ်ခဲ့ပြီး ဓားစာခံ ၂ ဦးကို ထိခိုက်မှုမရှိ ကယ်တင်နိုင်ခဲ့သည်။

တိုက်ခန်းမန်နေဂျာ အမျိုးသမီးနှင့် သူမ၏ ခင်ပွန်းတို့ကို တိုက်ခန်းလျှောက်လမ်းတွင် သေဆုံးခဲ့သည်။ အခြား အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးကိုလည်း တိုက်ခန်းတွဲရှိ အခန်းတစ်ခန်းတွင် သေဆုံးလျက်တွေ့ရှိရသည်။ နောက်ထပ် သေဆုံးသူတစ်ဦးကို တိုက်ခန်း၏ ဧည့်ခန်းဆောင်ဖြတ်လမ်းတွင် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 911 သို့ အရေးပေါ်ခေါ်ဆိုမှုကို နံနက် ၆း၃၀ တွင် ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ပြီးနောက် အဆိုပါ တိုက်ခန်းတွဲတွင် နေထိုင်သူများကို ရွှေ့ပြောင်းမှုပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ဆို့လိုက်သည်။

အထူးတပ်ဖွဲ့ဖြင့် ဝင်ရောက်စီးနင်းခြင်းမပြုမီ ညှိနှိုင်းရေးအရာရှိများက သေနတ်သမားနှင့် ဆွေးနွေးခဲ့သေးကြောင်း သိရသည်။ သေနတ်သမား၏ ဓားစားခံဖမ်းဆီးထားမှုနှင့် အထူးတပ်ဖွဲ့က စီးနင်းဝင်ရောက်ကာ ဓားစားခံကယ်တင်မှု ဖြစ်စဉ်မှာ နာရီအနည်းငယ် ကြာမြင့်ခဲ့သည်။ ရဲတပ်ဖွဲ့က သေနတ်သမား အပါအဝင် သေဆုံးသူများအား မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

Planet Myanmar Network