Home » » မမှန်သတင်းပေးတိုင်ကြားသူအား ပြန်လည်အရေးယူ

မမှန်သတင်းပေးတိုင်ကြားသူအား ပြန်လည်အရေးယူ

Written By Unknown on Sunday, July 28, 2013 | 8:43 AM

ရန်ကုန်၊ ဇူလိုင် ၂၇

၁၈.၇.၂၀၁၃ ရက်နေ့တွင် မပြုံးပြုံးဝေ(ဘ)ဦးမြထွေး၊ ပြည်မြို့ နေသူသည် ၎င်းအိမ်အကူအဖြစ် လုပ်ကိုင်သော နေအိမ်တွင် ၂၄၀၀ အချိန်ခန့်၌ အိပ်ပျော်နေစဉ် အိမ်ရှင်ဦး----မှ ခြင်ထောင်အတွင်း
ဝင်ရောက်ကာ ဘောင်းဘီချွတ်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ၂၁.၇.၂၀၁၃ ရက်နေ့တွင်တိုင်တန်းခဲ့သဖြင့် သင်္ဃန်းကျွန်းမြိုမရဲစခန်း (ပ) ၃၀၈/၂၀၁၃၊ ပုဒ်မ ၃၇၆ ဖြင့် ဦး----အား အရေးယူစစ်ဆေး ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ စစ်ဆေးနေစဉ်အတွင်း တိုင်တန်းသူမပြုံးပြုံးဝေမှ အိမ်ရှင် မ---- နှင့်ဖခင်ဖြစ်သူ ဦး-----တို့သည် ၎င်းအားရိုင်းစိုင်းစွာ ဆက်ဆံခဲ့ကြ၍ မကျေနပ်သဖြင့် လိမ်လည်တိုင်တန်ခြင်းဖြစ်ကြောင်း၊ ၂၄.၇.၂၀၁၃ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ၎င်း၏ ဆန္ဒ အလျောက်ကြိုတင် ထွက်ဆိုချက်ပေးခဲ့ကြောင်းနှင့် အမှုအား ပြန်လည် ရုပ်သိမ်းခွင့်ပြုပါရန် ၂၅.၇.၂၀၁၃ ရက်နေ့တွင် ရဲစခန်းသို့တင်ပြလာခဲ့ပါသည်။

ထိုသို့တင်ပြလာမှုအပေါ် ရဲစခန်းမှသက်သေများရှေ့တွင် ၎င်းအားအသေးစိတ်ထပ်မံစစ်ဆေးရာ ၎င်းအနေဖြင့် အိမ်ရှင်မ-----နှင့်ဖခင်းဖြစ်သူဦး------ တို့မှ မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသဖြင့် မကျေနပ်၍ လိမ်လည်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း အစစ်ခံထွက်ဆိုခဲ့ပါသည်။

ထိုသို့ စစ်ဆေးထွက်ဆိုချက်များအရ လမ်လည်တိုင်တန်းသူ မပြုံးပြုံးဝေအား သင်္ဃန်းကျွန်း မြိုမရဲစခန်းမှူးမှ အမှုသေးအမှတ်စဉ် (၂/၂၀၁၃)၊ ပုဒ်မ ၁၈၂ ဖြင့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျောက်ထားကာ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်